#Uni
"ဟေ့...ဟိုမှာ ဆရာဝန်မချောချောလေးရဲ့ ခင်ပွန်းချောလေးလာပါပြီခင်ဗျ ''
"ငါ့ကောင်ကြီးကကြည့်စမ်း...ဆရာဝန်မလေးနဲ့ယူမယ်ဆိုလို့လားမသိဘူးကွာ...ချောလာလိုက်တာများ ''
တော်ရုံမဆုံဖြစ်တဲ့ Minho ကတောင် စာမေးပွဲရက်နီးလာတာကြောင့် sugaအိမ်မှာစာစုလုပ်မယ်ဆိုပြီးပြောလို့ လာကာမှ အစခံနေရတာမျိုး။ ကိုယ့်အတွက်လည်း ချစ်ရသူကိုမြင်ရမယ်ဆိုပြီးလာခဲ့ပေမယ့် အခုကျဒင်းတို့က ကိုယ့်ကိုစချင်လို့တမင်ခေါ်လိုက်တာကိုး။
"ဟမ့်...သူ့လိုgayကိုယူမယ့်သူ ရှိတယ်တဲ့လား...အဲ့မိန်းကလေးတော့ ယောကျားတစ်ယောက်နဲ့ ရင်ထုပြီး လင်ပြိုင်လုရမယ့်ကံပါပုံပဲ ''
အခုတလော ကိုယ့်ကိုသိပ်ရှောင်ဖယ်ဖယ်မလုပ်တော့သလို နည်းနည်းပါးပါးစကားပြန်ပြောလာတာကြောင့် အဆင်ပြေပြီလို့ထင်ခဲ့ပေမယ့် အခုကျ ကိုယ့်လည်းမြင်ရော ပြောချလိုက်တဲ့စကားကြောင့် စိတ်ဆိုးတာထက် စိတ်မကောင်းဖြစ်မိတယ်။
"V မင်းကွာ...အေး...အဲ့မိန်းကလေးက ရင်ထုပြီးလင်လုရမယ်ဆိုရင်တောင် သူပြိုင်လုရမှာက မင်းနဲ့ ''
"ဘာ!!!! "
"ဟုတ်တယ်...ငါချစ်တာ မင်းလေ...ငါကgay''
"...''
"ငါအခုလိုgayဖြစ်တာ မင်းကြောင့်...တွေ့တဲ့ယောကျားတိုင်းကြိုက်မယ်လို့ တွေးနေတတ်တဲ့ မင်းအမြင်တွေကိုသိပ်မုန်းပေမဲ့ မင်းကြောင့်ဖြစ်ပေါ်လာတဲ့ငါ့အချစ်တွေကိုတော့ ငါတန်ဖိုးထားသလို ''
".....''
"ငါ့ဖြစ်တည်ချက်ကို ငါချစ်တယ်...ဘာလို့လဲဆိုရင် မင်းကိုချစ်ရာကနေ အစပြုခဲ့တာကြောင့် ''
ပြောလိုက်တော့ Vက gameဆော့နေတဲ့သူ့လက်ထဲကဖုန်းနဲ့ ကိုယ့်ကိုကောက်ပေါက်ပါလေရော။ အရှိန်ပြင်းပြင်း ပစ်ပေါက်လိုက်တာကြောင့် ထိမှန်သွားတဲ့ဗိုက်က အောင့်တက်သွားပြီး နာသွားတာကိုတောင်မမှုဘဲ Vရဲ့ဖုန်းကိုသာ မြေကြီးပေါ်မကျအောင်အမိအရ ပြေးဖမ်းလိုက်ရင်း။
"တော်သေးတာပေါ့ Vရယ်...ရော့ မင်းဖုန်း ''
"...''
YOU ARE READING
အချစ်ဦးမို့ မမုန်းရက်ပါ...သို့သော်