#Uni
"လူကြားလို့မှ ကောင်းသေးရဲ့လား ဟမ်...မင်းကအခြောက် ငါမွေးတဲ့ငါ့သားက အခြောက်တဲ့လား ''
"ဖေဖေ ''
RMနဲ့တွေ့ပြီးပြန်လာတော့ အိမ်ရောက်တယ်ဆိုရုံရှိသေး ဖေဖေက လူကိုဆွဲထိုးနေတာကြောင့်။
"တော်ပါတော့ အဖေကြီးရယ်...သားကိုမရိုက်ပါနဲ့တော့ ''
"မင်း ဖယ်စမ်း...လူကြားလို့တောင်မကောင်းဘူးကွာ မင်းကြိုက်စရာရှားလား ''
"...''
"ကြိုက်တော့လည်း ကိုယ့်ညီလိုဖြစ်နေတဲ့ကလေးကိုမှ...မင်းက ကိုယ်တိုင်ခြောက်ရုံမက ဘာမှမသိတဲ့ကလေးကိုပါ ခြောက်ခိုင်းရတယ်လို့ ''
"အာ့ ဖေဖေ...အစ် ဘယ်လိုသိ....အွစ် ''
"တော်ပါတော့ အဖေကြီးရယ်...မရိုက်ပါနဲ့တော့ ကြာရင် သားလေးသေတော့မယ် ''
"ငါ သူတို့ကို ဘယ်လိုမျက်နှာပြရမလဲ...နောက်ပြီး မင်းနဲ့စေ့စပ်မဲ့မိန်းကလေးကိုရော မင်းမရှက်ဘူးလား''
"...''
"ငါ့သားလို့ပြောရမှာ ငါရှက်တယ်ကွ ''
ဖေဖေက အရမ်းစိတ်ကြီးသလို ဒေါသထွက်ရင်လည်း ထိန်းမရတော့ဘူး။ အရမ်းအေးပေမယ့် ဖေဖေဒေါသထွက်ရင် တစ်ခါဆိုတစ်ခါဆိုသလောက် ကြောက်ဖို့ကောင်းတယ်ဗျ။ ဖေဖေဟာထိုးနေရတာကို အားမရလို့နဲ့တူပါရဲ့။ ကြမ်းပြင်ပေါ်လဲကျသွားတဲ့ကိုယ့်အား ခြေထောက်တွေနဲ့ပါ ပိတ်ပိတ်ကန်တာကိုပါ ခံနေရပါပြီ။
ဘာလို့လဲဖေဖေရယ်။ လူတစ်ယောက်ကိုချစ်မိတာ သားအမှားလား။ နှလုံးသားက အမိန့်ပေးလာတဲ့အခါ ဘယ်လိုလူသားကများ ဆန့်ကျင်နိုင်ပါ့မလဲဗျာ။
အချစ်ဟာအပြစ်လား ဖေဖေ။ တကယ်လို့ ချစ်တာသာအပြစ်ဆိုရင် ဖေဖေရိုက်လို့သေသွားလည်း သားကျေနပ်ပါတယ်။ အနည်းဆုံးတော့ ဖေဖေသားကgayတစ်ကောင်၊ ကောင်လေးတစ်ယောက်ကိုချစ်နေတဲ့ အခြောက်တစ်ယောက်ဆိုတာ ဖေဖေတို့ကို ဖွင့်ပြောပြနေစရာမလိုတော့ဘူးပေါ့။
ဖေဖေက ရိုက်ရတာမောလာပြီနဲ့တူပါရဲ့။
"ထစမ်း...မင်း ထစမ်း ''
YOU ARE READING
အချစ်ဦးမို့ မမုန်းရက်ပါ...သို့သော်