#Uni
စားပွဲပေါ်တင်ထားတဲ့ဖုန်းကို ဆွဲယူလိုက်ပြီး တစ်စုံတစ်ယောက်အား ဖုန်းခေါ်နေရင်း တဖက်ကဖုန်းကိုင်လာတဲ့အချိန်။
"ဟယ်လို ''
"......''
"ဟို ကိုယ့်ကိုလာခေါ်လို့ရပြီ စောင့်နေမယ်နော်...ညနေလာခေါ်ပေးပါ ဒါပဲနော် ''
ဖုန်းကိုချလိုက်ပြီး Vအကြောင်းတင်မက အတိတ်ကိုပါ ထပ်မတွေးနိုင်တော့အောင် အိပ်ရာပေါ်လှဲချပြီးသာ အိပ်ပစ်လိုက်မိတယ်။
ဘယ်လောက်အိပ်လိုက်သလဲတော့မသိ။ နိုးလာလို့ နာရီကိုကြည့်မိတော့ ညနေ၅နာရီရှိပြီရယ်။ ခဏနေကျရင် လာခေါ်တော့မှာမို့ အဝတ်စားလဲပြီးသာ အထုပ်အပိုးတွေအကုန်ပါမပါ လိုက်စစ်ရပြန်တယ်။
သိပ်တော့မများပါဘူး။ အရင်ကတည်းက ရှင်းရှင်းလေးနေရတာကို ကြိုက်တာကြောင့် အဝတ်အစားတွေလောက်ပဲ ရှိတာကိုး။
နောက်ပြီး Vကလည်း ခဏပဲနေမှာဆိုတော့ အကုန်ယူသွားစရာမလိုဘူးလေ။ ကိုယ့်အခန်းက ဒီတိုင်းထားရမှာမလား။ Vအတွက်က အခန်းသက်သက်ရှိနေတာကြောင့်။
"Hyung ထွက်လာပြီလား...ဟို ဗိုက်ဆာရင်လေ တူတူစားကြမလား ''
အခန်းတံခါးကိုဖွင့်လိုက်တာနဲ့ Vက တံခါးနားပြေးလာရင်း စကားလာစနေပြန်ပြီ။
"ဒီအထုပ်တွေနဲ့ Hyungဘယ်သွားမလို့လဲ ''
ကိုယ့်လက်ထဲက အိတ်ကိုလည်းမြင်ရော အလိုမကျတဲ့မျက်နှာနဲ့ မေးခွန်းတွေလာထုတ်နေတာကြောင့်။
"ဖယ် ''
Vက ကိုယ့်ရှေ့ပိတ်ရပ်ထားတာကြောင့် ဘေးကိုတွန်းထုတ်လိုက်ပြီး ဆိုဖာမှာသွားထိုင်လိုက်တော့ သူကပါအနားလာကပ်ထိုင်ရင်း။
"ဒါကဘယ်ကိုလဲလို့...ကျွန်တော်ကိုရှောင်ချင်နေတာလား ''
သူပြောတာတွေကို ဂရုစိုက်မနေဘဲ ဖုန်းဖွင့်ပြီးသာ တစ်ယောက်ယောက်ကို ဖုန်းခေါ်နေတဲ့ ကိုယ့်အား။
"မုန်းတုန်းပဲလား...သိပ်ကိုမုန်းနေလား ''
"...''
"မျက်နှာကိုမမြင်ချင်လောက်အောင် ကျွန်တော်အကြောင်းဆို မကြားချင်လောက်အောင် မုန်းနေတာလား ''
YOU ARE READING
အချစ်ဦးမို့ မမုန်းရက်ပါ...သို့သော်