#Uni
"ဦးဦးရေ ''
"...''
"ကြည့်...ပုံပြင်ပြောနေရင်း အိပ်ပျော်နေပြန်ပြီ...မျက်လုံးကြီးဖွင့်ပြီးတော့ ''
"....''
"ဦးဦးရေလို့....လေးလေးsuga လုပ်ပါအုံး''
တူလေးနဲ့jhopeအတွက် မုန့်လုပ်ပေးနေတုန်းရှိသေး အရှေ့ခန်းကနေ တူတော်မောင်ရဲ့အော်ခေါ်သံကိုကြားလိုက်ရတာကြောင့် လုပ်လက်စတွေကိုရပ်လိုက်ပြီး ဧည့်ခန်းထဲပြေးလာလိုက်ရတယ်။ တူတော်မောင်က ကိုယ့်ကိုလည်းမြင်ရော သူ့ဘေးကjhopeကိုလက်ညိုးထိုးပြပြီး
"သားသားက ပုံပြင်ထပ်နားထောင်ချင်သေးတာကို ''
"သားသားရယ် မင်းဦးဦးပုံပြင်ကို နားထောင်ရတာမရိုးသေးဘူးလား''
"...''
"မင်းသမီးက မင်းသားလေးတို့တိုင်းပြည်ကိုသွားတယ်...မင်းသားလေးကိုတွေ့တယ်...မင်းသားလေးကို တဖြည်းဖြည်းနဲ့ချစ်သွားပြီး ဖွင့်ပြောလိုက်တယ်...ဒါပဲလေကွာ''
"...''
"လေးလေးတောင်အလွတ်ရနေပြီကွ''
"ဟာ လေးလေးsugaကလည်း ဦးဦးက အဲ့ပုံပြင်လေး ပြန်ရှာပြီးရင် နောက်ဆုံးမင်းသမီးနဲ့မင်းသားလေးတို့ဘာဖြစ်သွားလဲဆိုတာပြောပြမယ်ပြောထားတယ်လေ''
တူတော်မောင်က မျက်ရည်တွေဝဲလာပြီး ငိုတော့မယ်။ ဟိုကောင်ငဟုတ်ကလည်း ငုတ်တုတ်ကြီးသေနေသလား မှတ်ရတယ်။ ကိုယ်သာသတိမပေးရင် ဘယ်ချိန်ထိခုလိုတွေးနေမလဲမသိတာကြောင့် အနားသွားပြီး ပခုံးလေးကိုပုတ်လိုက်ရင်း။
"Jhopeရေ မင်းလည်းကွာ...ဟေ့ရောင်''
အတိတ်ထဲမှာ နစ်မြောနေတုန်းရှိသေး sugaကပခုံးကို လှမ်းပုတ်လိုက်တာကြောင့် လက်ရှိအခြေအနေကိုသတိထားမိပြီး အသိစိတ်လေးကို ပြန်ကပ်လိုက်ရင်း။
"အေး အေး...ဘာပြောမလို့လဲ suga ''
"မင်းတူက ကြာရင်ငိုတော့မယ် ''
Sugaက ကိုယ့်ဘေးမှာ ကိုယ့်အင်္ကျီလက်စလေးကို ဆောင့်ဆွဲနေတဲ့ကလေးလေးအား မေးငေါ့ပြနေတာကြောင့် ကလေးဘက်ကိုလှည့်ကြည့်လိုက်ပြီး
YOU ARE READING
အချစ်ဦးမို့ မမုန်းရက်ပါ...သို့သော်