#Uni
"တစ်ခုခုမှာလေ...ဆေးသောက်ရအုံးမယ် ''
"ရတယ် ဆေးသာပေးလိုက်ပါ...ကိုယ် sugaတို့အိမ်ရောက်မှ သောက်လိုက်မယ် ''
အမှန်က ပိုက်ဆံမပါတာကြောင့် မေရီကိုရှင်းခိုင်းရမှာ အားနာလို့ဆိုပေမယ့် မေရီက အခြေအနေကိုရိပ်မိသွားပြီနဲ့ တူတယ်။
"ဒီတစ်ခါမေရီရှင်းမယ်နော်...နောက်တစ်ခါဆုံကျရင် ရှင် ရှင်းပေါ့ ''
"မေရီကို ဒုက္ခပေးမိပြီဗျာ...ကျေးဇူး ''
ဝိတ်တာလေးလာချပေးတဲ့ ကိတ်မုန့်ကိုစားနေတုန်း။
"အမှန်ပြောရရင် အစကတကယ်စိတ်ဆိုးနေတာ ''
"အင်း...ဆိုးသင့်ပါတယ် ''
"ရှင် gayနေလို့မဟုတ်ဘူး...သူများပြောမှသိရလို့ ''
မေရီစကားသံလေးတွေ တိတ်ဆိတ်သွားတဲ့အခါ မုန့်စားနေရာကနေ ခေါင်းကိုမော့လိုက်ပြီး
"မေရီကိုဘယ်သူပြောတာလဲ...နောက်ပြီးမေမေတို့ရော ဘယ်လိုသိသွားတာလဲ ''
"ရှင်ချစ်နေတဲ့ ကောင်လေးပြောတာ ''
နားကြားများမှားသလားဆိုပြီး ထပ်မေးမိတဲ့အထိ Vက အခုလိုပြောတာတဲ့လား။
"ဒီနေ့ စေ့စပ်ပွဲအတွက်လိုတာတွေကို အန်တီနဲ့သွားဝယ်နေတုန်း Taehyungဆိုလား အဲ့ကောင်လေးရောက်လာတယ်လေ ''
"...''
"ရှင်သူ့ကို ပြောထားတဲ့စာတွေရော...ရှင်ကသူ့ကိုကြိုက်ပေမယ့် သူကတော့ မချစ်နိုင်ဘူးဆိုတာကိုပါ လာပြောတာတဲ့လေ ''
"သူ...သူ...သူ တကယ် ''
"နောက်သူပြောပါသေးတယ်...အမလိုမိန်းကလေးက အခြောက်တစ်ယောက်ကိုယူမိရင် မျက်ရည်နဲ့မျက်ခွက်ဖြစ်ရင်ဖြစ်မှာတဲ့''
"...''
"တော်ကြာ ကိုယ့်ယောကျားကို တစ်ခြားယောကျားတစ်ယောက်နဲ့ ပြိုင်လုနေရမှာစိုးလို့ သူအခုလို လာပြောရတာပါလို့လည်း ပြောခဲ့သေးတယ် ''
"....''
ပြောရက်လိုက်တာကွာ။ မင်းမို့လို့ အခုလိုလုပ်ရက်တယ်။ ဒါဆိုအခုလိုဖြစ်တာ အားလုံးမင်းကြောင့်ပေါ့။
YOU ARE READING
အချစ်ဦးမို့ မမုန်းရက်ပါ...သို့သော်