#Uni
"ဘာလို့ အဲ့လိုလုပ်ရတာလဲ ''
အခုတော့ အကန်ခံရလို့ ယောင်ချင်သလိုလိုဖြစ်နေတဲ့မျက်နှာကို sugaက အရောင်ကျအောင် ရေခဲကပ်ပေးနေတုန်း မေးမိတော့။
"မင်းကငါ့သူငယ်ချင်းလေ...မင်း ငါ့ညီကြောင့် အသားနာအောင်လုပ်နေတာတွေကို ငါမမြင်ချင်တော့လို့ ''
"အသားနာတာပဲကွာ...သေသွားတာမှ မဟုတ်တာ ''
"အဲ့လိုနဲ့ကြာရင် မင်းကိုယ်မင်းသတ်သေနေမှာစိုးလို့ဟ''
ပြောနေရင်း sugaက ကိုယ့်ဘယ်ဘက်လက်ကို ဆွဲယူလိုက်ပြီး
"မင်းလက်ကအခုထိ အမာရွတ်မပျောက်သေးဘူးလား...အမာရွတ်ပျောက်ဆေးလိမ်းလေကွာ..သေရာပါကြီး ဖြစ်သွားအုံးမယ် ''
"ဟင့်အင်း Vနဲ့ပတ်သက်တဲ့အရာတိုင်း ငါမြတ်နိုးတယ်...သေရာပါဖြစ်လည်း ဘာဖြစ်တုန်း ''
လက်ကောက်ဝတ်နားက အစင်းကြောင်းပုံစံ အမာရွတ်လေးတွေကိုကြည့်လိုက်ရင်း ဓားနဲ့ ကိုယ့်လက်ကောက်ဝတ်ကို အချက်ပေါင်းများစွာ လှီးဖြတ်ထားတယ်ဆိုတာ မြင်တာနဲ့တန်းသိနိုင်ပြီး ကိုယ်ကအသားဖြူတာကြောင့် ကိုယ့်လက်ကဖြူဖြူဖွေးဖွေးလေးဖြစ်နေရုံမကသေး။
သွေးကြောလေးတွေပါစိမ်းနေတဲ့ လက်ကောက်ဝတ်နဲ့မလိုက်အောင် ဓားရာအစင်းကြောင်းကြီးတွေကတော့ သိပ်ကိုကြည့်ရဆိုးပြန်ရော။ အဲ့နေ့က ကိုယ် ကိုယ့်လက်ကို ဓားနဲ့လှီးခဲ့တဲ့နေ့ကပေါ့။
Vကသူ့ကောင်မလေးအား ဘယ်လောက်ချစ်ကြောင်း၊ ဘယ်လောက်မြတ်နိုးကြောင်းကို သူ့ကောင်မလေးက ကိုယ့်ကိုလာပြတဲ့နေ့။ တိုက်ဆိုင်တဲ့ကံကြမ္မာကြောင့်လားတော့ မပြောတတ်ဘူးဗျာ။
V အခုတွဲနေတဲ့ကောင်မလေးက ကိုယ်နဲ့သိတယ်။ ပြောရရင် အဲ့ကောင်မလေးကြောင့်ပဲ ကိုယ်ကVကို ဖွင့်ပြောခဲ့မိတာလို့ပြောရမယ်။ ပြသနာအစကတော့ ဒီလို။
ကောင်မလေးတစ်ယောက်နဲ့ ခင်ရာကနေ အချစ်အကြံပေးလုပ်မိတယ်ဆိုပါတော့။ အဲ့လိုနဲ့ကြာလာမှသိလိုက်ရတာ အဲ့ကောင်မလေးရဲ့ရည်းစားက Vဖြစ်နေတာပဲဗျ။
YOU ARE READING
အချစ်ဦးမို့ မမုန်းရက်ပါ...သို့သော်