Unicode
"ကာရံမင်းထိုက်တဲ့ကွ"
"နင့်ဟာနင် ကာရံပဲဖြစ်ဖြစ်
မင်းထိုက်ပဲ ဖြစ်ဖြစ်
ငါ နင်နဲ့ဆက်မတွဲနိုင်တော့ဘူး""ဒါဘာသဘောလဲ နွေဦးဟန်သာ"
"ငါတို့ပြတ်ပြီ
နင်လို ဂျပုကောင်နဲ့မတွဲနိုင်ဘူး""မင်း ဘာစကားတွေလာပြော"
"နင်လူစကားနားမလည်ဘူးလား"
"အေး..."
Nightline bar၏ ပိုင်ရှင်အငြင်းခံရလို့တဲ့။
လူအများ၏ တီးတိုးသံများ။
ဟယ် တို့ကာရံလေး သနားပါတယ်။
ကာရံရေ..လာ မမဆီလာ။ရည်းစားပွေချင်တိုင်း ပွေတဲ့ကောင် အခု မှတ်ကရော။
တစ်ခါမှ အငြင်းမခံဖူး၍လား မသိ
ကာရံ၏ဒေါသသည်ငယ်ထိပ်၌သာ။
လူအများ၏ ရှေ့၌ ရည်းစားကထားသွားခြင်းကိုခံရခဲ့သည်။
ပျိုတိုင်းကြိုက်သည့် နှင်းဆီခိုင်ဖြစ်သော
ကာရံ့ဘဝတွင် လိုချင်သည့် မိန်းမတိုင်းကိုရခဲ့သည်။သူ ကစားလို့ဝရင် ပစ်ထားခဲ့သည့် မိန်းမများသည်လည်းဒုနှင့်ဒေး။ပိုင်ဆိုင်မှု့ကို ကြည့်မလား၊ရုပ်ရည်ကိုကြည့်မလား အရာအားလုံးသည်perfectပင်။
အားနည်းချက်ဟူ၍ တစ်ခုသာ။
အရပ်၅ပေ၇လက်မသာ ရှိခြင်းပင်။"နင် ငါ့ကို ပစ်ရင် နင့်အမကိုယူမယ်"
"ကာရံမင်းထိုက် နင် ငါ့အကြောင်းဘာတွေကောင်းကောင်းသိလို့လဲ
ငါက တစ်ဦးတည်းသောသမီး""နင့်အမေကို..."
"စိတ်မကောင်းစရာပဲ
အမေ က ငယ်ငယ်လေးနဲ့ဆုံးသွားတာ"ကာရံမင်းထိုက်၏ မျက်နှာသည်ရှက်စိတ်နှင့်
ဒေါသကြောင့်ရဲတွတ်နေ၏။"အေး....ငါနင့်အဖေကိုရအောင်ယူမယ်ဟာ!"
နွေဦးဟန်သာက ကျယ်လောင်စွာရယ်လိုက်သည်။
ထို့နောက်မျက်နှာ တည်ကာ"ရရင်ယူ"
ပွဲ့ကြည့်ပရိတ်များသည် ကာရံတို့ဝိုင်းလို့။
"ရအောင်ယူပြမယ်"
"လောင်းကြေးထပ်မလား"
လူအများ၏အာပေးသံများ
![](https://img.wattpad.com/cover/319878725-288-k917893.jpg)
YOU ARE READING
Your Father Become My Daddy(complete)