part 1

37.7K 1.2K 23
                                    

စိမ်းနုရောင်တစ်ထပ်တိုက်​လေးတည်ရှိရာ ခြံဝင်းငယ်​လေးသည် အပြင်မှကြည့်လျှင်ပင် ​အေးချမ်းတိတ်ဆိတ်ကာ ငြိမ်းချမ်း​နေ​စေသည်။အနည်းငယ်သာကျယ်ဝန်း​သောခြံ​လေးအတွင်းတွင် တိုက်ငယ်​လေးရယ် ဒန်း​လေး​တစ်ခုရယ်နှင့်မျိုးစုံ​သောပန်းပင်များရှိ​နေ​လေ၏။ထိုဒန်း​လေး​ပေါ်တွင်​တော့ ပန်း​ရောင်ဂါဝန်ဝတ်ထား​သော အသက်၁၄နှစ်အရွယ်​ကောင်မ​လေးတစ်​ယောက်ထိုင်​နေ​လေသည်။

"​ယောလေးရေ သားငယ်ထမင်းစားမယ်​လေ"

"ဟုတ်​မေ​မေသားလာပြီ"

အိမ်ထဲမှထွက်လာ​သောသက်လတ်ပိုင်းအမျိုးသမီးကြီးသည် ထိုင်​နေ​သော​ကောင်မ​လေးအား သားငယ်ဟု​ခေါ်ကာထမင်းစားရန်လာ​ခေါ်​လေသည်။ထိုင်​နေ​​သော​​ကောင်မ​လေးသည်လည်း သူ့ကိုယ်သူသား ဟုသုံးကာမျက်နှာထက်တွင်လဲအပြုံးတို့ချိတ်ဆွဲလျက်ရှိ​​နေ၏။

"အို ဘယ်လိုဟာ​တွေလဲမသိဘူးရွံစရာ​တွေ"
"​မေ​မေ သူများကိုဗျာ"

တစ်ဖက်ခြံမှအန်တီကြီး​၏စကားသံနှင့်အတူ သူ့သားဖြစ်သူ၏တားမြစ်သံကိုပါ ​ယောကြားလိုက်ရသည်။ထိုကဲ့သို့ကဲ့ရဲ့သံ ရွံရှာသလိုအကြည့်များအား ​ယောတစ်​ယောက်​နေ့စဥ်​​နေ့တိုင်းကြား​နေမြင်​နေသဖြင့်သိပ်မထူးဆန်း​တော့​ပေ။​မေ​မေ့ကိုကြည့်လိုက်​တော့​မေ​မေသည် အလှဆုံးပြုံးကာ​ယောအားကြည့်​နေ​လေသည်​။

"သားငယ်ကြိုက်တဲ့ ကြက်ချဥ်စပ်​လေးချက်ထားတယ်လာလာ"

​မေ​မေ့စကား​ကြောင့် ​ယော ​မေ​​​မေ့ခါးအားဖက်ကာအိမ်ထဲသို့ဝင်ခဲ့လိုက်သည်။ဟိုဘက်ခြံကအန်တီကြီးနှင့်သူ့သားတို့ဘာ​တွေ​ပြော​နေသည်လဲ​ယောဂရုမစိုက်​တော့​ပေ။​ယောအတွက်​တော့ ​မေ​မေရှိလျှင်ရသည်။သူ့ဖြစ်တည်မှုအား ​မေ​မေနားလည်​ပေးလျှင်​ကျေနပ်သည်။သူ့ဘဝတွင်​မေ​မေသာလျှင်လိုအပ်၏။

~~~~​မ​မွှေး​သော်လည်း နမ်းထိုက်၏~~~~~~

"​​မေ​မေ ဘာလို့သူများကိစ္စကိုလိုက်​ပြော​နေတာလဲ"

" အမ​လေး ​ယောက်ျားမတန်ဘဲ​ခြောက်​နေတဲ့လူကိုသား​လေးတဲ့အံ့သြပ"

မ​​မွှေး​သော်လည်း နမ်းထိုက်၏Where stories live. Discover now