"ချစ်တယ် ငါနောင့်ကိုချစ်တယ်"
ယောဆီကအဖြေကိုကြားပြီးနောက်မှာတော့ နောင့်လက်ထဲမှဓါးချွန်ချွန်လေးသည်မြေပေါ်သို့အရှိန်ပြင်းစွာကျရောက်သွားလေသည်။ပါးပြင်ပေါ်တွင်တော့ မျက်ရည်တို့ကအရှိန်ပြင်းစွာအဆက်မပြတ်စီးဆင်းလာလေသည်။နောင် သူ့စိတ်တို့အားလွှတ်ချလိုက်သည့်နှယ် မြေပြင်ပေါ်သို့အရုပ်ကြိုးပြတ်လဲကျသွား၏။
"နောင် ဘာ...ဘာဖြစ်လို့လဲဟင် ခိုက်မိသွားတာလား"
လဲကျသွားသောနောင့်ထံသို့ ယောချက်ချင်းပြေးသွားလိုက်သည်။
အနားရောက်လာသော ယောငယ်ခန္ဓာကိုယ်လေးအား နောင်အားရပါးရပွေ့ဖက်လိုက်လေသည်။ထိုအခါချစ်ရသူ၏လက်သွယ်သွယ်လေးများသည် သူ့ကျောပြင်အားခပ်ဖွဖွလေးထိတွေ့လာသည့်နောက်မှာတော့နောင်ရှိုက်သံထွက်သည်အထိငိုမိတော့သည်။
"ကိုယ်ကြောက်နေခဲ့တာ မင်းမချစ်ဘူးလို့ပြောမှာကိုယ်သိပ်ကြောက်နေခဲ့တာ"
"နောင်"
"မင်းသာပြန်မချစ်ရင်ကိုယ်တစ်ကယ်သေပစ်လိုက်တော့မလို့"
"တောင်းပန်ပါတယ် ယောတောင်းပန်ပါတယ်နောင်ရယ်"
ယော ရှိုက်ကြီးတငင်ငိုနေသော သူ့အားနွေးထွေးစွာထွေးပွေ့ပေးလိုက်လေသည်။
"မငိုနဲ့တော့နော် မိုးချုပ်နေပြီအိမ်ပြန်ကြမယ်"
"ကျေးဇူးပါယောငယ် ကိုယ့်ကိုချစ်ပေးလို့"
"ကိုယ်ကတိပေးပါတယ်ယောငယ်ကိုဘယ်တော့မှထားမသွားဘူး"ဖြေးညင်းစွာတိုက်ခတ်လာသောလေပြေလေးများ တိတ်ဆိတ်နေသည့်လမ်းမပေါ်တွင်ရွေ့လျားနေသည့် ဆိုင်ကယ်လေးတစ်စီး လေပေါ်တွင်ဝဲပျံနေသည့်ဆံနွယ်ရှည်များ အလှပဆုံးပြုံးနေသည့်ကောင်လေးနှစ်ယောက် အချစ်တစ်ခုအစပြုခဲ့သည်အချိန် နှလုံးသားနှစ်စုံတွင်တစ်ယောက်ကိုတစ်ယောက်ထာဝရအတွက် ကမ္ဗည်းရေးထိုးခဲ့ကြလေတော့သည်။
YOU ARE READING
မမွှေးသော်လည်း နမ်းထိုက်၏
Fantasyသူငယ်ချင်းအဖြစ်ကနေပေါက်ဖွားလာတဲ့ချစ်ခြင်းမေတ္တာ၊ထာဝရအတွက်ရည်ရွယ်ခဲ့သောအဖြူရောင်ချစ်ခြင်းတစ်ခု၏အဆုံးသတ်♡