ရာသီတွေအလီလီပြောင်းလို့ အချိန်တွေတရွေ့ရွေ့နှင့်ကုန်လွန်လာခဲ့ပေပြီ။အတူရှိခဲ့ကြသည့် အချိန်တွေအတွင်းတွင်အမှတ်တရပေါင်းများစွာရှိခဲ့လေသည်။ပျော်ရွှင်ဖွယ်တက္ကသိုလ်ကျောင်းသားဘဝ၊လွတ်လပ်မှုတွေအပြည့်နဲ့လူငယ်တစ်ယောက်အဖြစ်ဒီနှစ်တွေအတွင်းမှာ နောင်ဖြတ်သန်းခဲ့လေသည်။
တက္ကသိုလ် အင်း တက္ကသိုလ်တက်ရတာပျော်လားလို့မေးရင်တော့သေချာပေါက်နောင်ပျော်ရွှင်ရပါသည်။ယောငယ်တက်တဲ့Lawကိုနောင်လိုက်တက်ခဲ့သည်မဟုတ်ပါလား။နောင့်အတွက်တော့ ဘာဘွဲ့ညာဘွဲ့ဟူ၍ရွေးချယ်၍မရပေ။ဘွဲ့တစ်ခုခုယူပြီးသည်နှင့် ဘိုးဘိုး လုပ်ငန်းတွေကိုဦးစီးရပေလိမ့်မည်။ထို့ကြောင့် တက္ကသိုလ်ကျောင်းသားဘဝကိုချစ်သူနှင့်အတူ ဖြတ်သန်းနိုင်ရန်ယောငယ်တက်သည့် Law ကိုတက်ခဲ့ခြင်းပင်။အစိုး သူကတော့သူဝါသနာပါသည့် ဒေါက်တာဖြစ်ရန်ရွေးချယ်ကာ ဆေးကျောင်းတက်ခဲ့တာကြောင့် သူတို့နှင့်ပင်သိပ်မတွေ့ဖြစ်။သူ့စာတွေနှင့်သူသာ တိုင်ပတ်နေလေသည်။
"နောင် မောင်းတော့လေ ဘာတွေတွေးနေတာလဲ"
ယောငယ်က ပုခုံးကိုပုတ်ကာသတိပေးမှနောင်လည်းသတိကပ်ကာ အတွေးတို့ကိုပစ်၍ ဆိုင်ကယ်ကိုစမောင်းလိုက်တော့သည်။
အနက်ရောင် ကလစ်ဆိုင်ကယ်လေး၏ဦးတည်ရာကတော့ ခမ်းနားသည့်ဘွဲ့နှင်းသဘင်အခမ်းအနားသို့ပင်။ဒီနှစ်ဆိုလျှင် ယောငယ်နှင့်နောင်တို့ တက္ကသိုလ်နောက်ဆုံးနှစ်ပြီးလို့ဘွဲ့ယူရမည့်အချိန်သို့ရောက်ရှိလာပြီဖြစ်သည်။"စောစောထပါဆိုမထဘူးအခုတော့နောက်ကြပြီမလား"
"ကိုယ့်ယောငယ်ကလည်းကွာ"
"ဘာမှမကွာဘူး ဟိုမှာအန်တီတို့မမတို့ကရောက်နေလို့တစ်ရေးတောင်ရနေတော့မယ် မြန်မြန်မောင်း"
"အမိန့်တော်မြတ်အတိုင်းပါဗျာ"
နောင်လည်း ဆိုင်ကယ်လေးကိုအရှိန်တင်လိုက်တော့သည်။
အရှိန်ပြင်းစွာရွေ့လျားနေသောဆိုင်ကယ်လေးနှင့် ဘွဲ့ဝတ်စုံဝတ်ထားသောသူတို့နှစ်ယောက်၏ပုံရိပ်လေးသည် လမ်းမပေါ်တွင်ထင်ကျန်ခဲ့လေပြီ။
YOU ARE READING
မမွှေးသော်လည်း နမ်းထိုက်၏
Fantasyသူငယ်ချင်းအဖြစ်ကနေပေါက်ဖွားလာတဲ့ချစ်ခြင်းမေတ္တာ၊ထာဝရအတွက်ရည်ရွယ်ခဲ့သောအဖြူရောင်ချစ်ခြင်းတစ်ခု၏အဆုံးသတ်♡