နောင် ယောငယ်ကိုဝင်ပို့ပေးပြီးနောက် အိမ်သို့ပြန်လာခဲ့လိုက်သည်။ယောငယ် အန်တီ့အခန်းထဲသို့ဝင်ရန်အချိန်လိုအပ်မည်ထင်သဖြင့် တစ်ယောက်ထဲထားခဲ့ခြင်းပင်။ အိမ်ရောက်တော့ မမရှိမနေပေ။သူ့သူငယ်ချင်းအိမ်သွားသည်ထင်။မေမေကတော့ ဧည့်ခန်းတွင်ထိုင်ကာ ဆရာကြီးမြသန်းတင့်၏"မေ့မရသောသမိုင်းမှတ်တိုင်များ" စာအုပ်ကိုစိတ်ဝင်တစားဖတ်နေလေသည်။
"မေမေ"
"အော်သားပြန်လာပြီလား"
"ဟုတ်မေမေသားရေအရင်သွားချိုးလိုက်အုံးမယ်နော်"
နောင်မေမေ့အားနှုတ်ဆက်ပြီးအပေါ်တက်ရန်ပြင်လိုက်သည်။ခြေလှမ်းတို့ လှေးခါးပေါ်တက်ခါနီးမှမေမေကဟန့်တားလိုက်တာ၏။
"မေမေတို့စကားပြောဖို့လိုနေပြီလို့မထင်ဘူးလားသား"
မေမေ့စကားကြောင့်နောင်အံ့သြသွားကာမေမေ့ကိုလှည့်ကြည့်လိုက်မိသည်။မေမေ့မျက်နှာတွင် စိတ်ဆိုးသည့်အရိပ်အယောင်များမရှိပဲ ပကတိကြည်လင်လို့နေလေသည်။ထို့ကြောင့်နောင်လည်း မေမေနှင့်မျက်နှာချင်းဆိုင်ခုံတွင်ဝင်ထိုင်လိုက်သည်။
"ဘာကိုပြောချင်နေတာလဲမေမေ"
"သားနဲ့ကလေးအကြောင်း"
"ဗျာ"
နောင် ရင်ထဲတွင်စိုးရိမ်စိတ်တို့တို့ဝင်လာရပြန်သည်။မေမေ့ကိုဖွင့်ပြောမည်ဟု တွေးထားသော်လည်းလက်တွေ့တွင်တော့ နောင်စိုးရိမ်နေမိပါသည်။ချက်ချင်းဖွင့်ပြောဖို့အတွက်ကြဘယ်ကနေစပြောရမှန်မသိ။သို့သော်အားတင်းကာပြောလိုက်တော့သည်။
"သားတို့တွဲနေကြတာပါမေမေ"
နောင်လည်း သတ္တိမွေးကာ ပြောပြီးနောက်မေမေ့မျက်နှာအား မဝံ့မရဲလှည့်ကြည့်လိုက်တော့ မေမေဟာ သိပြီးသားကိစ္စတစ်ခုကိုကြားရသည့်နှယ်အခုချိန်ထိတည်ငြိမ်နေဆဲပင်။မျက်နှာထက်တွင်လည်းမည်သည့်အရိပ်အယောင်မှရှိမနေပေ။
YOU ARE READING
မမွှေးသော်လည်း နမ်းထိုက်၏
Fantasyသူငယ်ချင်းအဖြစ်ကနေပေါက်ဖွားလာတဲ့ချစ်ခြင်းမေတ္တာ၊ထာဝရအတွက်ရည်ရွယ်ခဲ့သောအဖြူရောင်ချစ်ခြင်းတစ်ခု၏အဆုံးသတ်♡