part-27

3.2K 217 32
                                    

AN-ဒီအပိုင်းမှာ ဦးစိုင်းထီးစိုင်ရဲ့အချစ်အတွက်တဖန်​မွေးဖွားခြင်း​လေးနား​ထောင်ရင်းဖတ်ရင်အ​တော်ပြည့်စုံမယ်ထင်ပါတယ်.......

ပြန်မ​ရောက်တာကြာပြီဖြစ်သည့် ​ကျောင်း​တော်ကြီးသည်သည် ​အေးချမ်းမှုနှင့်အတူ လွမ်း​မောဖွယ်ရာအ​ငွေ့အသက်တို့အားအပြည့်အဝ​ပေး​နေ​လေသည်။လွတ်လပ်မှု​တွေနဲ့အပြည့်နဲ့​ကျောင်းသားဘဝ၊စ​နောက်မှု​တွေဖြင့် စိတ်ဆိုးစိတ်​ကောက်ခဲ့ကြသည့်သူငယ်ချင်း​တွေ၊
​အမြဲဝတ်ဆင်ခဲ့ကြရသည့် အဖြူအစိမ်းနဲ့​ကျောင်းဝတ်ဆုံ အရာအားလုံးသည် ဘဝအတွက်ဘယ်​တော့မှနှစ်ခါပြန်မရသည့် တန်ဖိုးရှိသည့်အမှတ်တရ​တွေပင်။

ထိုအမှတ်တရ​တွေထဲတွင် ထပ်​ပေါင်းထည့်ရမည်က အချစ်ဦးဆိုသည့်တစ်စုံတစ်​ယောက်။ဆယ်​ကျော်သက်ရင်ခုန်သံ​တွေကိုစတင်အသက်​ဝင်စေခဲ့တဲ့ထိုအမျိုးသား၊ယခုအချိန်ထိ သူ့နှလုံးသားထဲတွင်​နေရာယူထားဆဲဖြစ်သည့် သိပ်ချစ်မြတ်နိုးရသည့် သူ။

နှလုံးသား၏လစ်ဟာ​နေ​သောအပိုင်းအစ​လေးအတွက် ယ​နေ့ပွဲမှာသူ​နောင့်ကို​မျှော်လင့်နေမိပါသည်။ယ​နေ့သည် သူတို့​ကျောင်း​တော်ကြီး၏ ​ကျောင်းသား​ဟောင်းများ​တွေ့ဆုံပွဲကျင်းပသည့်​နေ့ပင်။​​ကျောင်း​တော်ကြီး​ဝေးကွာ​နေသည့် အလွှာအသီးသီးမှ​ကျောင်းသား၊​ကျောင်းသူ အ​တော်များများယ​နေ့​တွေ့ဆုံပွဲကိုတက်​ရောက်ကြ​လေသည်။ထိုအထဲတွင် ​ယောနဲ့အစိုးလဲအပါအဝင်ဖြစ်၏။

ယ​နေ့ပွဲကို​နောင်လာလိမ့်မည်လား ​ယော​သေချာမသိ။သို့​ပေမဲ့ ​ရောက်ကတည်း ​ယောမျက်လုံးတို့သည်​မျှော်လင့်ချက်ဖြင့်​နောင့်အား​ရှာ​ဖွေ​နေမိသည်။ရှာ​ဖွေသူဟာ ရှာ​နေ​ပေမဲ့ ​မျှော်သူက​တော့အရိပ်အ​ယောင်ပင်မမြင်ရ။

"အားလုံးပဲအခုလိုပြန်​တွေ့ရတာ​ဝမ်းသာပါတယ်
အမှန်ဆိုတို့​တွေမ​တွေ့ဖြစ်ကြတာ နှစ်​တွေကြာပြီ​လေ​နော်"

စင်​ပေါ်က​နေထွက်လာသည့် ရင်းနှီးသည့်အသံ ​သေချာ​ပေါက်အစိုးပင်။​ယော အပြာရောင်ဂျင်းဝမ်းဆက်ဖြင့်လူငယ်ဆန်​နေသည့်အစိုးအားစင်​အောက်က​နေကြည့်ရင်း ပြုံး​နေမိသည်။

မ​​မွှေး​သော်လည်း နမ်းထိုက်၏Where stories live. Discover now