စိမ်းနုရောင်တစ်ထပ်တိုက်လေးတည်ရှိရာ ခြံဝင်းငယ်လေးသည် အပြင်မှကြည့်လျှင်ပင် အေးချမ်းတိတ်ဆိတ်ကာ ငြိမ်းချမ်းနေစေသည်။အနည်းငယ်သာကျယ်ဝန်းသောခြံလေးအတွင်းတွင် တိုက်ငယ်လေးရယ် ဒန်းလေးတစ်ခုရယ်နှင့်မျိုးစုံသောပန်းပင်များရှိနေလေ၏။ထိုဒန်းလေးပေါ်တွင်တော့ ပန်းရောင်ဂါဝန်ဝတ်ထားသော အသက်၁၄နှစ်အရွယ်ကောင်မလေးတစ်ယောက်ထိုင်နေလေသည်။
"ယောလေးရေ သားငယ်ထမင်းစားမယ်လေ"
"ဟုတ်မေမေသားလာပြီ"
အိမ်ထဲမှထွက်လာသောသက်လတ်ပိုင်းအမျိုးသမီးကြီးသည် ထိုင်နေသောကောင်မလေးအား သားငယ်ဟုခေါ်ကာထမင်းစားရန်လာခေါ်လေသည်။ထိုင်နေသောကောင်မလေးသည်လည်း သူ့ကိုယ်သူသား ဟုသုံးကာမျက်နှာထက်တွင်လဲအပြုံးတို့ချိတ်ဆွဲလျက်ရှိနေ၏။
"အို ဘယ်လိုဟာတွေလဲမသိဘူးရွံစရာတွေ"
"မေမေ သူများကိုဗျာ"တစ်ဖက်ခြံမှအန်တီကြီး၏စကားသံနှင့်အတူ သူ့သားဖြစ်သူ၏တားမြစ်သံကိုပါ ယောကြားလိုက်ရသည်။ထိုကဲ့သို့ကဲ့ရဲ့သံ ရွံရှာသလိုအကြည့်များအား ယောတစ်ယောက်နေ့စဥ်နေ့တိုင်းကြားနေမြင်နေသဖြင့်သိပ်မထူးဆန်းတော့ပေ။မေမေ့ကိုကြည့်လိုက်တော့မေမေသည် အလှဆုံးပြုံးကာယောအားကြည့်နေလေသည်။
"သားငယ်ကြိုက်တဲ့ ကြက်ချဥ်စပ်လေးချက်ထားတယ်လာလာ"
မေမေ့စကားကြောင့် ယော မေမေ့ခါးအားဖက်ကာအိမ်ထဲသို့ဝင်ခဲ့လိုက်သည်။ဟိုဘက်ခြံကအန်တီကြီးနှင့်သူ့သားတို့ဘာတွေပြောနေသည်လဲယောဂရုမစိုက်တော့ပေ။ယောအတွက်တော့ မေမေရှိလျှင်ရသည်။သူ့ဖြစ်တည်မှုအား မေမေနားလည်ပေးလျှင်ကျေနပ်သည်။သူ့ဘဝတွင်မေမေသာလျှင်လိုအပ်၏။
~~~~မမွှေးသော်လည်း နမ်းထိုက်၏~~~~~~
"မေမေ ဘာလို့သူများကိစ္စကိုလိုက်ပြောနေတာလဲ"
" အမလေး ယောက်ျားမတန်ဘဲခြောက်နေတဲ့လူကိုသားလေးတဲ့အံ့သြပ"
YOU ARE READING
မမွှေးသော်လည်း နမ်းထိုက်၏
Fantasyသူငယ်ချင်းအဖြစ်ကနေပေါက်ဖွားလာတဲ့ချစ်ခြင်းမေတ္တာ၊ထာဝရအတွက်ရည်ရွယ်ခဲ့သောအဖြူရောင်ချစ်ခြင်းတစ်ခု၏အဆုံးသတ်♡