တိတ်ဆိတ်နေသောခြံလေးထဲတွင်ယောတစ်ယောက်ထဲထိုင်နေမိလေသည်။ဘေးခြံကအန်တီကြီးနှင့်သူ့သားတို့မောင်နှစ်မနှစ်ယောက်ပြောနေသောစကားများကိုမကြာချင်ယောင်ဆောင်ရင်းကောင်းကင်ပြာကြီးကိုအကြောင်းမဲ့ငေးကြည့်နေမိ၏။မေမေဒီလောကကြီးကထွက်သွားတာတစ်ပတ်ပင်ကျော်လွန်လာခဲ့ပြီဖြစ်ပြီးဤတစ်ပတ်အတွင်း ဘေးအိမ်ကကောင်လေးတို့မောင်နှစ်မနှစ်ယောက်ကယောဆီသို့အမြဲလာနေတတ်သည်။ယခုလဲထိုကိစ္စကြောင့်သူတို့မေမေနှင့်စကားများနေကြခြင်းပင်။
"နောင်လေးကိုခွင့်ပြုလိုက်ပါမေမေ"
"ဘာကိုခွင့်ပြုရမှာလဲမိနန်း ငါ့သားကအခြောက်တစ်ယောက်အိမ်မှာသွားအိပ်ရင်ပတ်ဝန်းကျင်ကငါ့ကိုဘာပြောကြမလဲ"
"မေမေကျေးဇူးပြုပြီးအဲ့အခြောက်ဆိုတာကြီးထည့်မပြောလို့ရမလား"
"အခြောက်ကိုအခြောက်လို့မပြောလို့ငါကဘယ်လိုပြောရမှာလဲ"
"မေမေ!!"
တစ်ယောက်တစ်ခွန်းပြောနေကြသောမေမေနှင့်နောင်လေးအားကြည့်ကာနန်းခေါင်းရမ်းမိလေသည်။ငါဟူသောအတ္တတွေကြီးစိုးနေသောမေမေနှင့် သူ့ကိုယ်သူတောင်ဘာဖြစ်နေမှန်းမသိသေးသောနောင်လေးတို့ကိုနန်းမည်သို့ဖြေရှင်းပေးရမည်နည်း။
"ငါဆိုတဲ့အတ္တကြီးခနဖယ်ထားပါ့လားမေမေရယ်"
"ဘာ"
"မေမေအခြောက်လို့ပြောနေတဲ့ကလေးကလဲ မေမေ့သားလိုအရွယ်မရောက်သေးတဲ့ကလေးပါမေမေရယ် နောင်လေးမှာကမေမေရောနန်းပါရှိပါသေးတယ်မေမေရယ်အဲ့ကလေးမှာကဘယ်သူမှမရှိတော့ဘူးမေမေရဲ့"
".......:
"ခွင့်ပြုပေးလိုက်ပါမေမေရယ်သူ့နားမှာတစ်စုံတစ်ယောက်ရှိနေဖို့လိုအပ်တယ်လေမေမေ သူ့ဖြစ်တည်မှုကိုမေမေနားမလည်ပေးနိုင်ဘူးဆိုရင်တောင်သားသမီးချင်းကိုယ်ချင်းစာစိတ်ကိုမေမေအသုံးချပေးပါနော်"
YOU ARE READING
မမွှေးသော်လည်း နမ်းထိုက်၏
Fantasyသူငယ်ချင်းအဖြစ်ကနေပေါက်ဖွားလာတဲ့ချစ်ခြင်းမေတ္တာ၊ထာဝရအတွက်ရည်ရွယ်ခဲ့သောအဖြူရောင်ချစ်ခြင်းတစ်ခု၏အဆုံးသတ်♡