"ယောငယ်""ဟင်"
"ခုနကပြောတဲ့တစ်ချို့မေးခွန်းတွေကကိုယ့်ကိုကိုယ်သေစေတယ်ဆိုတာလေ"
"ဘာဖြစ်လို့လဲ"
"တစ်ခါတစ်လေမှာအဲ့လိုမေးခွန်းမျိုးတွေကမမေးလဲအဖြေရလာတတ်တယ်"
"ဖြစ်နိုင်ပါတယ်"
"ကိုယ်ပြောရဲတယ် ယောငယ်မမေးခဲ့တဲ့အဲ့ဒီမေးခွန်းရဲ့အဖြေကိုယောငယ်အသင့်တော်ဆုံးအချိန်မှာကြားရလိမ့်မယ်"
သူ့အသံကြောင့် ယောခြေလှမ်းများကိုရပ်တန့်လိုက်ပြီးသူ့အားလှည့်ကြည့်လိုက်သည်။အတောက်ပဆုံးအပြုံးများဖြင့်ယောအားငေးကြည့်နေသူကြောင့် ယောနားရွက်လေးများရဲတက်လာလေသည်။
'သင့်တော်တဲ့အချိန်ဆိုတာရှိမလာတာလဲဖြစ်နိုင်ပါတယ်' လို့ပြောမည့်ယောစကားများသည် သူ့၏အပြုံးနှင့်နူးညံ့သည့်အကြည့်တို့အောက်တွင်ပျောက်ဆုံးသွားရတော့သည်။"အင်း ငါနားတော့မယ်နောင်ပြန်တော့လေ"
"မနက်ဖြန်ကျောင်းသွားရင်ကိုယ်လာခေါ်မယ်နော် နားတော့"
ယောအဖြေကိုမစောင့်ဘဲ ထွက်သွားသူ၏ကျောပြင်ကို ငေးကြည့်နေမိသည်။နွေးထွေးကြင်နာမှုတွေနှင့်ပြည့်နေသည့်ထိုလူသား ယနေ့အချိန်ထိယောအပေါ် သူများတွေကြည့်သလိုရွံရှာသည့်မျက်လုံးများဖြင့် တစ်ခါမျှမကြည့်ဖူးပေ။
'ယောကပိုင်ဆိုင်လိုစိတ်မကြီးတာမို့ပိုင်ဆိုဖို့မကြိုးစားချင်ဘူးနောင်ဒါပေမဲ့ဇွတ်တိုးဝင်လာရင်တော့လွှတ်ပေးတော့မှာမဟုတ်ဘူးနောင်'
"ယောလေး ကလေး"
"အော် ဟုတ်မမ"
"ယောလေစားသောက်ရတာအဆင်ပြေရဲ့လားမပြေရင်မမနန်းလာချက်ပေးရမလား"
တစ်ဖက်ခြံမှယောအားလှမ်းမေးနေသောမမနန်းအားယောပြုံးပြလိုက်သည်။အန်တီ့ကိုတော့မမြင်ပေ ကြည့်ရတာသူ့အားမမြင်ချင်လို့အိမ်ထဲဝင်သွားသည်ထင်ပါရဲ့။
BINABASA MO ANG
မမွှေးသော်လည်း နမ်းထိုက်၏
Fantasyသူငယ်ချင်းအဖြစ်ကနေပေါက်ဖွားလာတဲ့ချစ်ခြင်းမေတ္တာ၊ထာဝရအတွက်ရည်ရွယ်ခဲ့သောအဖြူရောင်ချစ်ခြင်းတစ်ခု၏အဆုံးသတ်♡