ရာသီတွေအလီလီပြောင်းလို့အချိန်တွေတရွေ့ရွေ့ကုန်ဆုံးခဲ့လေပြီ။အရင်၁၄နှစ်သားရှစ်တန်းကျောင်းသားလေးတွေသည်ယခုဆိုလျှင်
၁၀တန်းစာမေးပွဲဖြေဆိုကြမည့် လူပျိုပေါက်စလေးတွေဖြစ်လာကြလေသည်။ဒီနေ့ ဒီနေ့သည် သူတို့တစ်နှစ်တာကာလပတ်လုံးထမ်းပိုးခဲ့ကြရသည့် ဝန်ထုပ်ကြီးအားပစ်ချရမည့်နောက်ဆုံးနေ့ပင်။တစ်နည်းအားဖြင့် သူတို့ရဲ့တက္ကသိုလ်ဝင်စာမေးပွဲနောက်ဆုံးဖြေရမည့်နေ့ပေါ့။ယော ခါးထိရှည်နေပြီဖြစ်သောဆံပင်တို့ကိုမြောက်မြောက်စီးကာ ပေါ့ပါးသွက်လပ်သောခြေလှမ်းများဖြင့်ထမင်းစားခန်းထဲသို့လျှောက်လာခဲ့လိုက်သည်။"ယောလေးလာလာ မမမြတ်မနက်စာပြင်ထားပြီးပြီအများကြီးမစားနဲ့နော်စာမေးပွဲခန်းထဲကြအိပ်ငိုက်နေမယ်"
"ကဲပါမြတ်ရာယောလေးသိပါတယ် မြတ်ပြောတာနဲ့ပဲကလေးကစားရမလိုလိုမစားရဘူးလိုလိုဖြစ်နေတော့မယ်"
"ကိုယ်နော်"
ကိုထွန်းစကားအား မမြတ်က မျက်စောင်းလေးဝင့်ကာဟန့်တားလိုက်တာကြောင့်ယောရယ်မိသွားလေသည်။ယောတို့စာမေးပွဲမဖြေခင်တစ်လလောက်အလိုကတည်းက မမမြတ်တို့လင်မယားကယောဆီသို့လာနေပေးကာ အစစအရာရာဂရုစိုက်ပေးလေသည်။ယောအတွက်တော့ ကိုထွန်းနှင့်မမမြတ်သည်အစ်ကိုရင်း အစ်မရင်းလိုပင်ဖြစ်နေတော့သည်။
"ယောလေးစားတော့ နောင်လေးတို့လာရင်မောနေမယ်"
"ဟုတ်မမမြတ်"
ယော မမမြတ်ပြင်ပေးထားသောမနက်စာကို သေချာဝါးရင်းထိုင်စားလိုက်သည်။စားပြီတော့ ထကာရှိသေး ခြံအပြင်မှကားဟွန်းတီးသံကြောင့်ယောနှင့်မမမြတ်တို့ထွက်လာခဲ့လိုက်ကြတော့သည်။
"တစ်ရက်တစ်လေများအပြင်ထွက်စောင့်ဖူးတယ်ရှိအောင်ထွက်စောင့်ပါ့လားနသံရာ"
"မထွက်ချင်ပါဘူး တော်ကြာငါ့အလှကိုမြင်ပြီးလမ်းသွားတဲ့လူတွေရူးကုန်မှာစိုးတယ်"
"ဟား ဟား ဟား"
နေစိုးရဲ့စကားကိုပြန်ချေပလိုက်သောယောစကားဆုံးတော့အားလုံးထံမှရယ်သံများထွက်လာကြလေသည်။
YOU ARE READING
မမွှေးသော်လည်း နမ်းထိုက်၏
Fantasyသူငယ်ချင်းအဖြစ်ကနေပေါက်ဖွားလာတဲ့ချစ်ခြင်းမေတ္တာ၊ထာဝရအတွက်ရည်ရွယ်ခဲ့သောအဖြူရောင်ချစ်ခြင်းတစ်ခု၏အဆုံးသတ်♡