page_6

674 69 2
                                        

Unicode

"အကို ဘယ်မှာလဲ??"

"လမ်းမှာပဲရှိသေးတယ် အိမ်တောင်မရောက်သေးဘူး"

"အကို အဲ့လိုလုပ်လို့မရဘူးလေ။ကျွန်တော်ကသူ့ကိုတောင်ခေါ်လာခဲ့ရတာ။အခုသူ အကို့ကိုစောင့်နေပြီ။"

"ဂျောင်ကုရယ် ခနလေးပါပဲကွာ။အကိုဒီဘက်ကကိစ္စလေးတွေပြီးရင်လာခဲ့ပါ့မယ်။လောလောဆယ်အခု အကိုကားမောင်းနေလို့ဖုန်းချလိုက်တော့မယ်။ပြီးရင်အကိုပြန်ခေါ်လိုက်မယ်နော်။"

"ဟယ်လို ဟယ်လို အကိုခနလေး! ကျစ်! "

ဂျောင်ကုတစ်ကယ်ဘာလုပ်လို့ဘာကိုင်ရမှန်းတောင်မသိတော့ပါ။အကိုပုံကြည့်ရတာ ကြာမဲ့ပုံတူသည်။ယွန်းဂီကိုလည်းတစ်ယောက်ထဲ ဖြစ်ထားလို့ကလည်းမဖြစ်ပြန်။အဲ့တော့မထူးတော့ဘူးဆိုကာ စီစဥ်ထားသောထိုဝိုင်းထဲသို့သူပါဝင်ထိုင်လိုက်ရတော့သည်။

မျက်နှာချင်းဆိုင်ခုံမှာဝင်ထိုင်ပြီးခြင်း အဲ့ကောင်လေးကကိုယ့်ကိုမျက်လုံးဝိုင်းဝိုင်းလေးနဲ့ကြည့်လာလေသည်။ ကိုယ်လည်းရုတ်တစ်ရက်ကြီးအဲ့လိုအကြည့်ခံလိုက်ရတာမလို့ရှက်တော့ရှက်မိသွားပေမဲ့ရုပ်ကို အမြန်ပင်ပြန်ထိန်းကာချောင်းတစ်ချက်ဟန့်ပြီး အကြည့်ရှောင်လိုက်ရတော့သည်။

"ဦးကောဟင်??"

"ဟန်! ဟို သူလာမှာပါ။ ခနလေးစောင့်ပေးနိုင်မလား??"

"ဘယ်ကိုသွားလို့လဲ??"

"သူ ဟို..အရေးကြီးကိစ္စလေးတစ်ခုပေါ်လာလို့တဲ့"

"ကျွန်တော့်ထက် ပိုပြီးအရေးကြီးတဲ့အရာလား??"

မျက်နှာလေးညိုးကျကာ စိတ်မကောင်းသလိုလေးမေးလာသောကြောင့်ဂျောင်ကုမှာသနားမိသွားသည်။သူလိုနေတာကိုယ်မဟုတ်ပေမဲ့ အခုအ​ခြေနေအရတော့သူဆင်တဲ့ဂွင်သူသာကြည့်ကောင်းအောင်လုပ်ရတော့မည်။

"အကို့ကို ကိုယ်တို့ညစာစားရင်းစောင့်ကြရအောင်"

"လာမှာရော ကျိန်းသေပါတယ်နော်။"

"လာမှာပါ စိတ်ချ။ အကို့အကြောင်းကိုယ်အသိဆုံး"

"အင်းပါ အဲ့တာဆိုလည်းပြီးရောလေ~"

[ ဒုတိယမြောက်ခင်ပွန်း ]#complected#Where stories live. Discover now