Unicode
ဟိုဆော့သူ့ရှေ့မှာရှိနေသည့် ဂျောင်ကုရောယွန်းဂီရောကိုအံကြိတ်ကာကြည့်နေမိသည်။အခု ခွေးဇာတ်ခင်းတာလားလို့ပဲသူတွေးမိတော့ဒေါသတွေကထောင်းခနပဲ။သဲငယ်နဲ့ပက်သက်ပြီး သူ့ကိုယ်သူအပစ်ရှိသူတစ်ယောက်လို့ထင်ခဲ့တာ။အခုတော့ ဂျောင်ကုနဲ့မသိအောင်တစ်အိမ်ထဲမှာအတူနေထဲကသူငြိစွန်းနေခဲ့တာပဲ။မင်ယွန်းဂီ မင်းကိုရိုးသားဖြူစင်တဲ့သူလို့မြင်ခဲ့မိတာ ငါ့အမှား။ဒါတောင်ငါ့ကိုအပြစ်ရှိသူလိုလုပ်ပစ်ခဲ့ပြီးသူကနောက်မှာ ဂျောင်ကုနဲ့ကွာ တောက်။
"ဒါ ဘယ်လိုတွေဖြစ်ကုန်တာလဲသား??။ မင်း ဒီဘက်က ကလေးနဲ့လက်ထပ်မယ်ဆိုတာဘာသဘောလဲ??။ မင်းရူးနေသလားမင်ယွန်းဂီ။ဘယ်လိုဖြစ်ပြီး ကိုယ့်ယောကျာ်းရဲ့ညီဖြစ်သူနဲ့များအခုလိုတွေဖြစ်လာရတာလဲ??။ငါ လုံးဝသဘောမတူနိုင်ဘူး။ငါတို့ကိုအရှက်ခွဲဖို့ကြံစည်နေတာလား မင်ယွန်းဂီ!!"
"ကျွန်တော်တောင်းပန်ပါတယ်အမေ။ ကျွန်တော်အကိုဂျောင်ကုနဲ့လက်ထပ်ဖို့သဘောတူလိုက်ပြီ။"
ဟိုဆော့ အံသြတာတွေရော၊ဒေါသတွေရောပေါင်းပြီး ထရယ်မိသည်။သူ့အသဲတစ်ခုလုံးကိုမီးလောင်တိုက်သွင်းပစ်ပြီး ငါ့ရှေ့မှာအခြားသူတစ်ယောက်နဲ့လက်ထပ်ဖို့ပြောထွက်ခဲ့တဲ့မင်းကို သိပ်မုန်းလိုက်တာ။
"ဟား ဟား ဂျွန်ဂျောင်ကုနဲ့မင်ယွန်းဂီ မင်းတို့ငါ့နောက်ကျောကိုဘယ်အချိန်ထဲကဓားနဲ့ထိုးနေခဲ့ကြတာလဲ!! ပြီးတော့ မင်ယွန်းဂီ မင်းကထွက်ပြေးတာမဟုတ်ဘဲဒီအကောင်နဲ့ခိုးရာလိုက်သွားခဲ့တာ!! အဲ့တာကိုငါကမသိဘဲအရူးလိုလိုက်ရှာနေမိတာ!! နောက်ပြီးဂျွန်ဂျောင်ကု မင်းလည်းငါ့အပေါ်အဲ့လိုလုပ်ခဲ့တာယုံတောင်မယုံနိုင်ဘူး!! "
"ဒီမှာ ဦး!! ကိုယ့်ဘက်ကိုယ်အမှန်တွေလိုမျိုးမပြောပါနဲ့။အိမ်ထောင်ရေးဖောက်ပြန်တဲ့သူကကျွန်တော်မဟုတ်ဘူး။ အခုကျွန်တော်ကလွတ်လပ်သူဖြစ်သွားတဲ့သူမို့အကိုဂျောင်ကုနဲ့လက်ထပ်တယ် အဲ့တာမှားလား??"
ဟိုဆော့ ယွန်းဂီစကားကြောင့် ထိုင်နေရာမှဝုန်းခနဲထရပ်လိုက်ပြီး
YOU ARE READING
[ ဒုတိယမြောက်ခင်ပွန်း ]#complected#
FanfictionSope × Vope × Yoonkook အချစ်စစ်ကြောင့် သစ္စာဖောက်သလိုဖြစ်သွားခဲ့ရတဲ့အခါ။