Unicode
"ပြောလေ ဘာကိုတောင်းပန်နေတာလဲလို့!!"
အကိုကအော်တော့ထယ်ယောင်းရင်ထဲတစ်ထိတ်ထိတ်ဖြစ်လို့သွားရသည်။လက်တွေကလည်းတုန်ယင်လာပြီး နှလုံးခုန်သံတွေဆူညံနေတာကြောင့် အကို့မျက်လုံးကိုလည်းစေ့''မကြည့်ရဲ။
"ငါမေးနေတယ် မင်းမဖြေတတ်တော့ဘူးလား ကင်မ်ထယ်ယောင်း??"
"ဒီလိုပါ။ သူကကျွန်တော်နဲ့အကိုနဲ့ပြဿနာတက်မှာစိုးလို့ တောင်း''ပန်''နဲ့ပြန်ခိုင်းနေတာပါ။"
ဂျောင်ကုမှ ကြားဝင်ပြီးပြောပေးလိုက်တာမို့ထယ်ယောင်း သက်ပျင်းတိုးတိုးလေးချလိုက်မိသည်။ဆက်မေးရင် သူကတော့ကြောက်ကြောက်နဲ့အကုန်ဖြေမိတော့မှာ။
"လာ! မင်းအခုလိုက်ခဲ့!!"
ဂျောင်ကု သူ့ရှေ့ကနေထယ်ယောင်းလက်ကိုဆွဲပြီးဒေါနဲ့မောနဲ့ထွက်သွားတဲ့အကိုဖြစ်သူကြောင့် သူခေါင်းလေးတစ်ချက်ရမ်းလိုက်မိတယ်။အကို ခုနကသူ့ကိုဘယ်လိုကြည့်နေလဲဆိုတာသူကောင်းကောင်းသိတာပေါ့။ယွန်းဂီနဲ့ပက်သက်ပြီး အခုထိကျွန်တော့်ကိုအခဲမကျေသေးတာဖြစ်မယ်။အကိုရဲ့အဲ့လိုပုံကိုမြင်ရတော့ ဂျောင်ကုတွေးရင်းနဲ့ရယ်ချင်မိလာတယ်။ကိုယ်ကိုယ်တိုင်အသုံးမကျလို့လုယူခံလိုက်ရတာကို သူကဘာတွေမကျေမနပ်ဖြစ်နေသေးလဲမသိ။ကျွန်တော့်လောက်လည်းယွန်းဂီကိုမချစ်နိုင်ပဲနဲ့သူက နာရတယ်ရှိပါသေးတယ်။အကိုနဲ့ပက်သက်ပြီးတွေးလေ၊ တွေးလေ ကလေးပိုဆန်တာကိုသိလိုက်ရတော့ရယ်ချင်မိတာကဘယ်ဆန်းတော့မလဲ??။
နောက်ပြီး ကင်မ်ထယ်ယောင်း။
ခုနကထိတ်လန့်သွားတဲ့ သူ့ပုံစံကိုကြည့်ပြီးဂျောင်ကုရူးချင်သွားရသည်။ဟိုက ဘာကိုမှမသိပဲဒီအတိုင်းလေးမေးတာကိုတောင်ဒီလောက်ကြောက်နေရင် ရှေ့ဆက်ဘယ်လိုလုပ်မလဲ??။ဒီလိုပုံစံအတိုင်းသာဆိုရင်အကုန်လုံး ပေါ်သွားနိုင်လေတယ်။အဲ့လိုဆိုသူ့ကိုတစ်ယောက်ထဲ လွှတ်ထားလို့လုံးဝမဖြစ်တော့ပါ။မကြာ,မကြာ တွေ့ပေးပြီးစိတ်အေးအေးထားရမဲ့ အကြောင်းကိုသူရှင်းပြရတော့မယ်။
ကင်မ်ထယ်ယောင်းကကြောက်တတ်တတ်၊ အကိုကလည်း ကြောက်ဖို့ကောင်းတာနဲ့ဒီပွဲကတော့မစခင်ထဲက ပြီးမလားမသိ။အင်း။အဲ့လိုတွေးလို့တော့လဲ ဘယ်ဖြစ်မလဲ??။သူ ကိုယ်တိုင်ယွန်းဂီကိုအိမ်ထဲကနေ အိမ်ပြင်တောင်မထွက်ခိုင်းတာ။ဒီကိစ္စကို သူကလွဲပြီးအခြားဘယ်သူကြောင့်မှ ယွန်းဂီသိလိမ့်မှာမဟုတ်။ကင်မ်ထယ်ယောင်းကကြောက်နေရင်တောင် သူကတော့လုံးဝကြောက်လို့မဖြစ်။ချစ်ရတဲ့သူအတွက်ရင်းပြီးလုပ်ထားရတာမို့ ဖြစ်လာသမျှအကျိုးဆက်အားလုံးကိုရင်ဆိုင်ဖို့ သူသတ္တိ ရှိနေမှဖြစ်မယ်။
YOU ARE READING
[ ဒုတိယမြောက်ခင်ပွန်း ]#complected#
FanfictionSope × Vope × Yoonkook အချစ်စစ်ကြောင့် သစ္စာဖောက်သလိုဖြစ်သွားခဲ့ရတဲ့အခါ။