Unicode
ထောင်ကနေပြီး အာမခံနဲ့ပြန်လွှတ်လာသူ သူ့အတွက်ပထမဆုံးသတိရမိသည်ကဂျောင်ဟိုဆော့ဆိုတဲ့ သူငှေးကိုပင်။သူ့ကြောင့်ကျွန်တော်ထောင်ကျခဲ့ရတာ။သူသာအဲ့နေ့က သဘော်ဆိပ်မှာသူ့ကိုရှာမတွေ့ခဲ့ဘူးဆိုရင်သူအခုဆို တရုတ်မှာတိန်တိန်ကိုမြည်နေတော့မှာပင်။ဂျောင်ဟိုဆော့ရဲ့ ပရိယာယ်လှည့်ကွက်တွေကြားသူအဲ့နေ့ကပိတ်မိသွားခဲ့တာ။ဒါ့အပြင် သူ့နောက်လိုက်ကောင်လေးတစ်ယောက်လဲရှိသေးသည်။အဲ့နေ့က ကျွန်တော်ဗိုက်ကိုဓားနဲ့ထိုးလိုက်တဲ့တစ်ယောက်။
ထောင်ထဲမှာနေရင်းစုံစမ်းခဲ့သည်က အဲ့ကင်မ်ထယ်ယောင်းဆိုတဲ့ကောင်လေးသည်ဂျောင်ဟိုဆော့နဲ့ဟိုလိုလို ဒီလိုလိုဆိုလား??။ဒါကသူတို့ဘာသာဘာကြီးတွေပဲဖြစ်နေပါစေ, နှစ်ယောက်လုံးကိုအပြတ်ရှင်းပြစ်ရမှာကသူ့တာဝန်ပင်ဖြစ်သည်။ဒါ့ကြောင့်သူတို့ကို ကိစ္စတုံးအောင်လုပ်ရမည်။ဆုံးရှုံးခဲ့ရတဲ့ အရာတွေအားလုံးအတွက်မင်းတို့တွေပြန်ပေးဆပ်ရမယ်။
>>>>>>>>><<
"ထယ်လေ အကိုကြိုက်တဲ့စပါဂယ်တီလုပ်ထားတယ်။ အကိုစားသွားပါအုံးလား??"
"ခွေးကျွေးလိုက်!!"
လိုချင်တဲ့အဖြေမရလိုက်တာမို့ထယ်ယောင်းစိတ်ထဲမကောင်းဖြစ်သွားရသည်။သူ့အနေနဲ့ကဘယ်လိုနေနေအကောင်းမြင်မခံရတာ။
"အကိုကလဲ ထယ်စိတ်မကောင်းဖြစ်အောင်"
"အဲ့တာကတော့ငါလဲလိုက်ပြီးစဥ်းစားမပေးနိုင်ဘူး။ ငါလိုချင်တာကမင်းထွက်သွားပေးဖို့ပဲ။ "
"ထယ်လဲစကားအကုန်ပြောပြီးသားပါအကို။ ထယ် အကို့နားကနေလုံးဝထွက်မသွားပေးနိုင်ဘူး။ "
"မင်း အရွဲ့တိုက်နေတာလား??"
"ထယ် အကို့ကိုချစ်တယ်။"
ဟိုဆော့မှာ ထယ်ယောင်းဘက်ကအဲ့စကားပြောတိုင်းနှလုံးသားမှာနင့်နေအောင်ခံစားရတယ်။ကိုယ်လဲမင်းကိုချစ်ပါတယ် ထယ်။ဒါပေမဲ့ ကိုယ်တို့တွေကလုံးဝမဖြစ်နိုင်တော့ဘူး။ဒါကို မင်းလဲသိရဲ့သားနဲ့ဘာလို့အတင်းဇွတ်တိုးဝင်ချင်နေရတာလဲ??။ဒီလိုလုပ်ရင်ငါ့ထက်မင်းပဲပိုထိခိုက်မှာ။အခုလိုပဲ မင်းစိတ်ထဲမကောင်းဖြစ်ရမှာ။ဒါကိုလဲ ငါဝမ်းသာနိုင်မယ်လို့မင်းထင်နေတာလား??။
YOU ARE READING
[ ဒုတိယမြောက်ခင်ပွန်း ]#complected#
FanfictionSope × Vope × Yoonkook အချစ်စစ်ကြောင့် သစ္စာဖောက်သလိုဖြစ်သွားခဲ့ရတဲ့အခါ။
![[ ဒုတိယမြောက်ခင်ပွန်း ]#complected#](https://img.wattpad.com/cover/314807156-64-k663979.jpg)