page_25

494 66 11
                                    

Unicode

"ပြောစမ်း!! ကိုယ်မသိအောင်မင်းတို့တွေပြန်ပြီးအဆက်သွယ်လုပ်နေကြတာလား ဟမ်?"

"အကို ကျွန်တော့်ကိုလာပြီးပေါက်ကရတွေမပြောနဲ့။ ကျွန်တော်နဲ့ဦးကြားကိစ္စတွေပြီးခဲ့တာကြာပြီ။"

"အော် ဒါဆို ခုနကtoiletမှာနှစ်ယောက်သားဖက်ရပ်နေကြတာကကော ပြီးသွားတဲ့ကိစ္စလား?? မင်းဖြေစမ်း!!"

"အကို ကျွန်တော့်ကိုမစွတ်စွဲပါနဲ့~ဦးအပေါ်ကျွန်တော် အဲ့စိတ်လုံးဝမရှိတော့ဘူး ဟင့်~"

"ဒါပေမဲ့ မင်းမငြင်းခဲ့ဘူးလေ!! အဲ့ဖက်ရပ်နေတဲ့ကိစ္စကို မင်းပါးစပ်ကမငြင်းခဲ့ဘူးလေ!! ငါ့ကိုစောက်ရူးလို့ထင်နေတာလား ဂျွန်ယွန်းဂီ!"

"မငြင်းခဲ့ဘူးဆိုတာ ကျွန်တော်မလိမ်ချင်လို့~ဒါပေမဲ့ အကို့လိုအတွေးမျိုးနဲ့ကျွန်တော်ဦးကိုဖက်ခဲ့တာမဟုတ်ဘူး~ဟင့် ဟင့်~"

"သူခိုးလူမိသွားတော့မှ မင်းကဒီလိုမျိုးပြောတာလေ!! မဟုတ်ရင် ငါသာရောက်မလာခဲ့ရင်မင်းတို့နှစ်ယောက်အဲ့မှာတင်ဇာတ်လမ်း ပြန်စကြမှာ!!"

"အကိုတော်ပါတော့~အကို ထင်ရာမြင်ရာတွေနဲ့ကျွန်တော့်ကိုစွတ်စွဲနေတာတွေတော်ပါတော့~"

သူအော်လိုက်တော့ အကိုကဒေါသပိုဖြစ်သွားသည့်ထင်။ချက်ချင်းအနားသို့ရောက်လာပြီး လက်ကောက်ဝတ်ကိုဆွဲလိမ်လိုက်တာမို့ နာကျင်တာကြောင့်မျက်ရည်များကျမိသည်။

"ငါမင်းကိုစောက်ရမ်းချစ်လို့ပြောနေတာ!! ဒါတွေကစွတ်စွဲနေတာမဟုတ်ဘူး!!"

"အကို နာတယ်လို့~အီးဟီး~လွှတ်ပါတော့ အဟင့်ဟင့်!!"

သူငိုပြီးရုန်းလေ အကိုကပိုပြီးလက်ကိုညှစ်လာလေ။အခုတော့ သူ့လက်ကောက်ဝတ်လေးမှာ ရဲခနဲဖြစ်နေပြီး ညှစ်ခံထားရတာမို့ညိုမဲလဲဆွဲကာ လက်တစ်ခုလုံးလဲတုန်ယင်လျက်။

"ငါ့ယုံကြည်မှုကိုတော့ အလွဲသုံးစားမလုပ်နဲ့ယွန်းဂီ!! အဲ့နေ့ကမင်းသေတဲ့နေ့ဖြစ်သွားမယ် ငါမင်းကို မသတ်ရဲဘူးမထင်နဲ့!! စောက်ရမ်းချစ်လို့ဒီထပ်ပိုပြီး အတ္တကြီးမိသွားရင်မင်းကိုလူမသိအောင်သတ်ပစ်လိုက်ပြီး ငါ့တစ်ယောက်ထဲအတွက် တစ်သက်လုံးပိတ်လှောင်ထားလိုက်မှာ တောက်!!"

[ ဒုတိယမြောက်ခင်ပွန်း ]#complected#Where stories live. Discover now