(မှန်ကန်သောရွေးချယ်မှု)_Ending

1.3K 57 22
                                        

Unicode

တီ....တီ....တီ

အဆက်မပြတ်မြည်နေတဲ့သွေးခုန်နှုန်းသံတွေနဲ့အတူ ယွန်းဂီစိတ်တို့မှာလဲရောက်ယက်ခက်လျက်။ အကိုအခုလိုဖြစ်သွားရတာသူ့ကြောင့်မို့ပိုပြီး၀မ်းနည်းမိတယ်။အေးစက်နေတဲ့ အကို့လက်လေးကိုကိုင်ပြီးလည်းယွန်းဂီငိုနေမိပြန်တယ်။ အကို့ကိုသူမခွဲနိုင်တော့ပါ။အကို့ကို သူချစ်တယ်။

အကိုမေ့နေတာ ဒီနေ့နဲ့ဆိုနှစ်ရက်မြောက်ပင်ရှိပြီ။ ဆရာ၀န်ကမစိုးရိမ်ဖို့ပြောပေမဲ့သတိမရသေးတဲ့အကို့ကြောင့် ကျွန်တော်ပိုပြီးစိုးရိမ်မိပြန်တယ်။ အကိုကသူ့ကိုသိပ်ချစ်တာ။သူ့ကြောင့် အကိုဘယ်လောက်ခံစားနေရလဲဆိုတာ မျက်တွင်းဟောက်ဖတ်လေးတွေကိုကြည့်တာနဲ့တင်သိတယ်။ အဲ့ချိန်တုန်းကသူသာထွက်မပြေးခဲ့ဘူးဆိုရင်အကိုလဲအခုလို accidentမျိုးဖြစ်မှာမဟုတ်ဘူး။

" ဟင့်!"

တွေးရင်းတွေးရင်း ပိုပြီးပင်၀မ်းနည်းလာတယ်။လူတစ်ယောက်ရဲ့တန်ဖိုးကိုမရှိမှပိုပြီးသိသွားလေသလား??။ အခု့သူ့ရင်ထဲမှာအကိုမရှိရင်မဖြစ်တော့ပါ။ ဒါ့ကြောင့်အကိုရယ်အမြန်သာသတိရပါတော့နော်။

" ယွန်းဂီ မပေါ့မပါးကြီးနဲ့မငိုရဘူးလေ။ "

"ဟမ် အကိုထယ်ယောင်း။ "

အကိုနဲ့ပက်သက်ပြီးတွေးတောနေလိုက်တာ အကိုထယ်ယောင်းရဲ့အသံကိုကြားမှပတ်၀န်းကျင်ကိုသတိထားနိုင်တော့တယ်။

"ဟုတ်တယ် ဒီချိန်မှာ ယွန်းဂီဘယ်လိုမှငိုလို့မဖြစ်ဘူး။ ကလေးနဲ့ဆိုတာလဲသတိရအုံး။စိတ်ကိုတင်းထားစမ်းပါ ယွန်းဂီရယ်။ "

ဦးက စိတ်မကြည်သလိုမျက်နှာမျိုးနဲ့လူကိုနည်းနည်းလေးဟောက်သွားတယ်။ အကိုထယ်ယောင်းကတော့ ဦးအစားအားနာတဲ့မျက်လုံးလေးတွေနဲ့အနားကိုကပ်လာပြီးတိုးတိုးလေးဖြင့်

"မနက်က အလုပ်မှာပြဿနာလေးတက်ခဲ့လို့ပါ။ "

ကျွန်တော်နားလည်သလိုမျိုးနဲ့ပြုံးပြလိုက်တယ်။ ဦးကအလုပ်နဲ့ပက်သက်လာရင်ဘယ်လောက်တောင်စိတ်ကြီးလဲဆိုတာကျွန်တော်အသိဆုံးပေါ့။

[ ဒုတိယမြောက်ခင်ပွန်း ]#complected#Where stories live. Discover now