Unicode
"သခင်လေး အပြင်ကိုလုံးဝထွက်ခွင့်မရှိပါဘူး။ "
"ဘာစကားပြောတာလဲ အိမ်တော်ထိန်းယူ! ကျွန်တော်ဒီအိမ်မှာနေတာ တစ်ပတ်ပြည့်တော့မယ်။အခုထိအိမ်ပေါ်ကနေ အိမ်အောက်တောင်မဆင်းဖူးဘူး!! "
"တောင်းပန်ပါတယ်ရှင့် အမိန့်ရမို့လို့ပါ။ "
လာပြန်ပြီ ဒီအမိန့်! ဒီအမိန့်!
သူ့ကို တိရစ္ဆာန် တစ်ကောင်လိုဂျွန်ဂျောင်ကုဆိုတဲ့သူကပိတ်လှောင်ထားတယ်။သူ့ကိုအခန်းထဲက အခန်းပြင်တောင်ပေးထွက်ခွင့်မပေးဘဲဒီလူက သူ့ကိုပိတ်လှောင်ထားခဲ့တာ။ ပြောတော့ချစ်တယ်တဲ့။ချုပ်ချယ်လိုက်တာလဲတအားပဲ။မေမေတို့စိတ်ပူမှာဆိုးလို့ ဖုန်းဆက်ပြီးအကျိုးအကြောင်းလှမ်းပြောမယ်ဆိုတာတောင် သူ့ကိုဖုန်းလေးတောင်ပေးဆက်ခွင့်မပေး။
သူ့မှာ နေ့မှန်းမသိ၊ညမှန်းမသိ။အခန်းထဲက ပြူတင်းပေါက်တွေကိုလည်း လိုက်ကာတွေနဲ့အကုန်လိုက်ပိတ်ထားတာ။ကြာတော့သူ အနေကျပ်၊အစားကျပ်လာရတယ်။ထမင်းလာပို့မှနေ့လည်ရောက်နေပြီမှန်းသိရတယ်။သူ ပြန်လာပြီဆိုတော့မှညရောက်နေပြီဆိုတာသိရတယ်။သူ တစ်ဖြည်းဖြည်းနဲ့ဂျောင်ကုကိုပင်ကြောက်လာရပါတယ်။သူ့ကိုဘယ်လိုသဘောထားနေတာလဲ??။
"ဖယ်ပါ ကျွန်တော်မွန်းကျပ်နေလို့ ခြံထဲလမ်းလေးခနဆင်းလျှောက်ပါရစေ"
"တောင်းပန်ပါတယ် မဖြစ်လို့ပါ။"
"ဘာကို မဖြစ်ရတာလဲ?? ဘာကိုမဖြစ်ရတာလဲလို့!! ခင်ဗျားတို့တွေကျုပ်ကိုလှောင်ပိတ်ထားကြတာ။ ကျုပ်ရဲ့လွတ်လပ်ခွင့်ကိုခင်ဗျားတို့တွေ လှောင်ပိတ်ထားကြတာ!!"
ပြောရင်းနဲ့ပင် မျက်ရည်တွေကျလာရတော့သည်။တစ်ယောက်ထဲဖြစ်နေတာမို့အရမ်းလည်းအထီးကျန်ဆန်ပါတယ်။ ဘယ်လိုပဲသူထွက်သွားမှာဆိုးလို့အခုလိုလုပ်တယ်ဆိုပါစေ ဒါကတော့မှားယွင်းနေတာမဟုတ်ဘူးလား??။
"နေ့လည်စာ စားချိန်ကျော်နေပါပြီ။အခု စားမှဖြစ်ပါတော့မယ်သခင်လေး"
"ဟင့်အင်း! မစားဘူး! သွားကြ!! အခုချက်ချင်းထွက်သွားကြ!! ငါလုံးဝမစားဘူး!!"
YOU ARE READING
[ ဒုတိယမြောက်ခင်ပွန်း ]#complected#
FanficSope × Vope × Yoonkook အချစ်စစ်ကြောင့် သစ္စာဖောက်သလိုဖြစ်သွားခဲ့ရတဲ့အခါ။