page_2

786 83 15
                                    

Unicode

"သဲငယ်...ဦးတို့ ဒီနေ့ညစာကိုအပြင်မှာစားကြရအောင်။ "

"ဟုတ်။ ကောင်းပြီလေ ဦး။"

သဘောတူတဲ့အသံလေးကိုကြားရပြီဆိုတာနဲ့ဟိုဆော့တို့ တစ်ယောက်မနက်စာ စားခြင်းကိုလက်စသက်လိုက်ပြီး ရုံးသွားရန်ကားဆီသို့ထွက်လာခဲ့လိုက်တော့သည်။အမြဲတမ်းအပြင်ထွက်စားနေကျမဟုတ်ပေမဲ့ ဒီနေ့တော့ထူးထူးခြားခြား သဲငယ်လေးနဲ့အတူအချိန်ကုန်ချင်သည်။

သဲငယ်လေးကလည်း ကျောင်းတစ်ဖက်နဲ့ဖြစ်သလို၊ကိုယ်ကလည်းအလုပ်တစ်ဖက်နဲ့မလို့နှစ်ယောက်သား အေးအေးဆေးဆေးစကားပြောဖို့အချိန်ဆိုတာမရှိခဲ့။သဲငယ်လေးကအပြင်ထွက်လည်ရတာကြိုက်မှန်းသိပေမဲ့ CEOတစ်ယောက်အနေနဲ့အိမ်သူသက်ထားအပေါ်အချိန်မပေးနိုင်လောက်တဲ့အထိသူ့မှာလည်းအလုပ်တွေပုံနေရတာကို။

"ဦး မောနီးကစ်.."

ထုံးစံအတိုင်း ကားနားရောက်တော့ယွန်းငယ်ကနှုတ်ခမ်းလေးဆူပြီး ကပ်ချွဲတော့သည်။ဒါဟာ မနက်တိုင်းလုပ်နေကျအလေ့အထတစ်ခု။သဲငယ်နဲ့ သူနဲ့ညားပြီးကတည်းကအခုလိုမျိုး အသားယူတာမျိုးကိုခနခနလုပ်တတ်ကြတာ။သဲငယ်လေးကလူငယ်မို့အမြဲ တက်'' ကြွ'' ရှိပေမဲ့ အနည်းငယ်လူကြီးဆိုဒ်ဖမ်းတတ်တဲ့ကျွန်တော်က အိမ်ထောင်ကျသည်အထိအကျင့်မဖြစ်သေး။

"ပြွတ်စ်..."

"အွန့်~"

ထိကပ်လိုက်တဲ့နှုတ်ခမ်းနှစ်စုံကြား ဟိုဆော့အခုထိရင်တွေခုန်နေခဲ့သေးသည်။သူ့ရဲ့နှုတ်ဖျားလေးက မလွှတ်ချင်လောက်အောင်ကိုပင် စုပ်ယူရတာမျိုးကိုသဘောကျမိ၏။

"ဦး ကွာ..တော်တော့"

ရင်ဘတ်ကိုအသာတွန်းပြီး နှုတ်ခမ်းဆူဆူလေးနဲ့ပြောလိုက်တဲ့သဲငယ်ကြောင့် ဂျောင်ဟိုဆော့မှာလည်းအရည်တွေပျော်ရင်းကားပေါ်တက်လာခဲ့လိုက်ရတော့သည်။ကိုယ်ရုံးသွားရင် အမြဲချစ်ဖို့ကောင်းအောင်ပြုံးပြတဲ့သဲငယ်လေးရဲ့မျက်နှာကြောင့် ဒီနေ့လည်းအလုပ်မှာအဆင်ပြေမယ်ထင်ပါရဲ့။သူလည်း အရင်လိုဇီဇာကြောင်တာတွေသိပ်မရှိတော့လို့ရုံးကလူတွေတောင်အံသြနေကြတယ်။အခုဆို သဲငယ်စီစဥ်သမျှသာအလိုက်ထိုက်နေပေးရတဲ့သူမလို့ အရင်လိုကိုယ့်စိတ်ကိုယ်တောင်ဦးစားသိပ်မပေးဖြစ်တော့။

[ ဒုတိယမြောက်ခင်ပွန်း ]#complected#Where stories live. Discover now