Chapter 2.1

87 11 0
                                    

Unicode

အင်တာဗျူးကို ကျောင်းရဲ့အကြီးဆုံးဟောပြောပွဲခန်းမကြီးထဲမှာ စီစဉ်ထားကြတယ်။ ထိုင်ခုံများက ကျောင်းသား/သူများဖြင့် ပြည့်နေ၍ အရှေ့ဆုံးတန်းမှာ မြို့ရဲ့ခေါင်းဆောင်လူကြီးပိုင်းတွေ ထိုင်နေကြတယ်။

အင်တာဗျူးမှာ Ji Fei Fei က မျက်ရည်တွေအပြည့်ဖြင့် သူမရောဂါကိုဘယ်လိုတိုက်ခိုက်တဲ့အကြောင်းတွေပြောပြ၏။

"အ‌ခြေ‌အနေကို ထိန်းသိမ်းရတာ ခက်တယ်။
လက်လျှော့ချင်လာတဲ့အချိန်တွေတိုင်း မိသားစုနဲ့သူငယ်ချင်းတွေက စိတ်ထဲရောက်လာတယ်။
ဒီကမ္ဘာပေါ်မှာ ရောဂါဝေဒနာခံစားနေရသူတွေရှိသ၍ သူတို့ကိုစိတ်ဓာတ်ခွန်အားတွေပေးမယ်, ငါအရှုံးမပေးဘူး ငါအသက်ရှင်ရမယ်ဆိုတဲ့ မျှော်လင့်ချက်! သူတို့အတွက် စံပြကောင်းတစ်ယောက်ဖြစ်အောင် ကြိုးစားပါမယ်"

လက်ခုပ်ဩဘာသံတွေ ခန်းမထဲမှာ ထွက်ပေါ်လာ၍ တိုက်ရိုက်လွှင့်တဲ့အွန်လိုင်းရဲ့ ကောမန့်မှာတော့ Ji Fei Feiကို ချီးကျူးထားကြ၏။

"ရင်ထဲခံစားရတယ် Feibaoလေး!"

"Feibao မငိုနဲ့နော် ,mom ချစ်တယ်!"

Ji bai ကန့်လန့်ကာနောက်ကနေရပ်ပြီး ငေးကြောင်ကြည့်နေမိတယ်။

ဒီကမ္ဘာပေါ်မှာ သူမအမလိုမျိုး ရောဂါဝေဒနာခံစားနေရတဲ့လူနာတွေ အများကြီးပဲ။ သို့ပေမယ့် သူမက နာမည်ကြီးလာပြီး အွန်လိုင်းပေါ်မှာ စိတ်ဓာတ်ခွန်အားပေးတဲ့ ဆယ်လီတစ်ယောက် ဖြစ်လာတယ်။

သူမကငယ်ရွယ်ရုံသာမက လူတွေရဲ့အာရုံကို ဘယ်လိုဆွဲဆောင်ရမလဲဆိုသိတယ်။ အွန်လိုင်းပေါ်မှာ သူမကသီချင်းဆိုပြတယ် သူတို့ကို ကပြတယ်။ လူတွေကို သူမက အကောင်းမြင်တတ်တဲ့ပုံစံမျိုးဖြစ်အောင် ဖန်တီးတယ်။

Ji bai က တိတ်တိတ်လေး သူမအမရဲ့အင်တာဗျူးပုံကို ဓာတ်ပုံရိုက်လိုက်တယ်။

ထိုအချိန်မှာ TV ရုံးဝန်ထမ်းတစ်ယောက်က Jibaiကို

"လာခဲ့တော့ မိတ်ကပ်နည်းနည်းပြင်လိုက်ဦး စင်ပေါ်တက်ရတော့မယ်!"

မိတ်ကပ်ဆရာက Jibai ရဲ့မျက်နှာကို လက်လွတ်စပယ်မြန်မြန်ပြင်ပေးလိုက်ပြီးတော့ အစီအစဥ်မှူးက
" နောက်အစီအစဥ်အနေနဲ့ ကျွန်တော်တို့ Ji Fei Feiရဲ့ညီမလေး Ji baiကိုစင်ပေါ်သို့ ဖိတ်ခေါ်မှာဖြစ်ပါတယ်။ Ji fei feiရဲ့ရောဂါအကြောင်းနဲ့ ရုန်းကန်နေရပုံကို ဘာပြောမလဲဆိုတာနားထောင်လိုက်ရအောင်။"

သူ့ရဲ့မပြောင်းလဲတဲ့ရင်ခွင်ထဲမှာ....(Mm translation)Where stories live. Discover now