CHAPTER 5

80 4 3
                                        

နေ့လယ်ခင်းထမင်းစားချိန်ကိုမှလူများတဲ့အချိန်လည်းဖြစ်ပြီး လူအများကြီးကသတိထားမိပြီး ဝိုင်းကြည့်နေခဲ့ကြတယ်။

ကျီဖေဖေ(Ji Feifei)နဲ့သူ့သူငယ်ချင်းတွေ ကန်တင်းကထွက်လာချိန်မှာ ဒီလိုမျိုးဖြစ်နေတာကို မြင်သွားကြတယ်။

ကျီပိုင် (JI Bai) သူ့ကိုဘယ်လိုမျိုးသွားရန်စရတာလဲမသိပင်မယ့် လူတွေအများကြီးနဲ့ဆိုတော့ အမတစ်ယောက်အနေနဲ့ သူမကိုသွားကူညီရဦးမယ်။

တစ်ချိန်တည်းမှာပဲ ရှဲ့ဆွေ(Xie Sui) နဲ့ စကားပြောဖို့အခွင့်အရေးလည်းရမယ်။ 

ရင်ထဲမှာတော့ သူ့ကိုအရမ်းသဘောကျပင်မယ့် ကျီဖေဖေ အခြားသူတွေသိမှာကိုလည်း ကြောက်နေခဲ့တယ်။

"ရှဲ့ဆွေ ငါ့ညီမလေးကနားမလည်လို့ပါ၊ သူနင့်ကိုနှောင့်ယှက်ခဲ့ရင် ငါသူ့အစားတောင်းပန်ပါတယ်"

ကျီဖေဖေရဲ့ပုံစံက နှိမ့်လည်းမနှိမ့်ချသလို အထက်စီးလည်းမဆန်ဘူး။

ကျောင်းသားတွေအကုန်လုံး သူ့ကိုမနှောင့်ယှက်ရဲဘူး။

လမ်းမှာတွေ့ရင်တောင် ကွေ့ပတ်ပြီးသွားကြတယ်။ဒါပေမယ့် ကျီဖေဖေသူမကိုသူ သတိထားမိအောင် တစ်ခုခုထူးခြားတာလေးလုပ်ရမယ်။

ရှဲ့ဆွေ သူမကိုမကြည့်ပဲ မသိချင်ယောင်ဆောင်နေပြီး ကျီပိုင်ကိုပဲဆက်ကြည့်ကာ မေးလိုက်တယ် 

"ဘယ်လိုထင်လဲ"

ကျီပိုင်တိုးတိုးလေးနဲ့ 

" ဘာကိုပြောတာလဲ" 

သူမျက်ခုံးကိုပင့်တင်လိုက်ပြီးတော့ လှောင်သံနဲ့ 

"မင်းပဲ ငါ့ကိုဘာလုပ်မှာလဲလို့မေးတော့ ဖြေလိုက်တယ်လေ အဲ့တော့ လက်ခံလား"

"......"

အနားကကောင်လေးတွေအကုန်လုံး အမြင်ကတ်စွာနဲ့ခိုးရယ်လိုက်ကြတယ်။

ဒီလိုမျိုးကို ခွင့်တောင်းနေရသေးတယ်။ တော်တော်စောင့်မြင်ကတ်ဖို့ကောင်းလိုက်တဲ့ အရည်အချင်းပဲ။

ဒီစကားလုံးတွေက ကျီပိုင်ကိုမေးတာပင်မယ့်, ကျီဖေဖေ ရှက်သွေးမဖြာပဲမနေနိုင်ဘူး။

သူ့ရဲ့မပြောင်းလဲတဲ့ရင်ခွင်ထဲမှာ....(Mm translation)Where stories live. Discover now