Chapter (2.2)

102 10 2
                                    

Unicode

ညနေခင်းမှာ အရင်းနှီးဆုံးသူငယ်ချင်းတွေက Ji Baiကို ပထမဆုံးဓာတ်ပုံရိုက်တဲ့အခမ်းအနားနေနဲ့ အောင်ပွဲခံဖို့ တောင်းဆိုကြတယ်။ 

သူငယ်ချင်းတွေအကုန်လုံး ဖြူစင်တဲ့ကောင်မလေးတွေလို အဖြူရောင်၀တ်စုံလေးတွေကို ၀တ်ဆင်ထားကြတယ်။ ဒါပေမယ့် Ji Bai သိတာပေါ့ မကြာခင် သူတို့ရဲ့အကျီလက်ကို ခေါက်တင်ပြီး ဟော့ပေါ့အိုးနားမှာ ကျက်အောင်ထိထိုင်စောင့်နေပြီး ပြီးတော့ ငရုတ်သီးတွေကို ထိုင်စားနေရင်း မတွေးချင်လောက်အောင် ဖြစ်နေလိမ့်မယ်။

အဖွဲ့လိုက် ကျောင်းအပြင်ဘက်က နာမည်ကြီးတဲ့ဟော့ပေါ့ဆိုင်သို့ လျှောက်လာခဲ့ကြတယ်။

နောက်ကျနေ၍ ဆိုင်ကဧည့်သည်များနဲ့ ပြည့်နေပြီး သူတို့အတွက် အခန်းမရှိတော့ပေ။

ဒီဟော့ပေါ့ဆိုင်ရဲ့အရသာက အရမ်းကောင်းပြီး သူနဲ့အရသာတူတဲ့ ဆိုင်ကိုရဖို့က ခပ်ရှားရှားရယ်။ သူမတို့တွေ နည်းနည်းစိတ်ပျက်သွားကြတယ်။

အဲ့အချိန်မှာ Yin Xin Xinက သူမကို တံတောင်ဆစ်နဲ့ထိလိုက်ပြီးတော့ တိုးတိုးပြောလိုက်တယ်

"ဟဲ့ နံရံနဲ့ဆန့်ကျင်ဘက်က ခုံမှာထိုင်နေတာ Xie တို့အဖွဲ့မလား?"

Ji Bai ကြည့်လိုက်တော့ Xie Su ကို တွေ့လိုက်ရတယ်။

အနက်ရောင် လည်ပင်းစွပ်စွယ်တာကို ဝတ်ဆင်ထားပြီး အကျီလက်ကို ခေါက်တင်ထားတယ်။ သူ့ရဲ့ဖြူဖွေးနေတဲ့လက်ကလေးက ပေါ်နေ၍ ပန်းကန်ထဲကို နှမ်းဆီလောင်းထည့်နေတယ်။

ပြီးတော့ သူ့ရဲ့လက်မှာ သစ်ရွက်ပုံ ငွေရောက်လက်စွပ်ကို ဝတ်ဆင်ထားတယ်။

သူရဲ့ပုံစံက အရိုင်းဆန်ပေမယ့် တခါတလေ အဲ့လို လက်စွပ်လိုမျိုး နူးညံ့တဲ့ ပစ္စည်းတွေကို ဝတ်လေ့ရှိတယ်။

သူ့ရဲ့နားကပ် ကီးချိန်း .....အကုန်လုံးက ထူးခြားတဲ့ပုံစံလေးတွေနဲ့။

ဒီလို ထူးခြားတဲ့ ပစ္စည်းလေးတွေအပေါ်မှာ ထူးခြားတဲ့စွဲလန်းမှုရှိနေတာ သေချာတယ်။ ဒါပေမယ့် တခါတလေ သူ့ပုံစံက အလွန်ဝေဖန်ချင်စရာပုံစံ ပေါက်နေတယ်။

သူ့ရဲ့မပြောင်းလဲတဲ့ရင်ခွင်ထဲမှာ....(Mm translation)Where stories live. Discover now