CHAPTER 6.1

83 6 0
                                        


ညနေခင်း ကျီဖေ Weiboပေါ်တွင်

"စိတ်ပူပေးကြတဲ့ဖန်တွေအကုန်လုံးကိုကျေးဇူးအများကြီးတင်ပါတယ်၊ ခုအန္တရာယ်မရှိတော့ပါဘူး ရောဂါကြောင့်ခံစားခဲ့ရပင်မယ့်လည်း အကုန်လုံးရဲ့အားပေးမှုကြောင့် ရောဂါကိုတွန်းလှန်ဖို့အားတွေရရှိလိမ့်မယ်လို့ထင်ပါတယ်။ အကုန်လုံးတစ်လျှောက်လုံးအတူတူရှိပေးတဲ့အတွက်ကျေးဇူးအများကြီးတင်ပါတယ်။ love you guys"

ကောမန့်တွေမှာတော့အရင်လိုမပြောင်းလဲစွာ

"ငါတို့ကလေးလေးကြောင့်ရင်ထဲထိသွားပြီ"

"ကလေးလေးကသန်မာတာပဲ"

"ကလေးလေး ကြိုးစားထား အမြဲတမ်းဘေးနားမှာရှိနေမယ်"

......

တစ်ယောက်ယောက်ကောမန့်ထဲ၌

 "ကလေးလေး ဘယ်လိုမျိုးကျော်ဖြတ်ခဲ့တာလဲ"

ကျီဖေ "အကုန်လုံးရဲ့အားပေးမှုကြောင့် သမီးဘဝမျှော်လင့်ချက်လေးကိုပြန်ရခဲ့တာပါ"

သူမရဲ့ပြန်စာက လိုက်ခ်အများကြီးရခဲ့သော်လည်း ကျီပိုင်သွေးလှူူတာကိုတော့ ပြောကြားခြင်းမရှိခဲ့ဘူး။

ညအချိန်၌ ကျီပိုင်အိပ်ရာပေါ် လဲလျောင်း၍ ခံစားချက်မဲ့စွာ ကောမန့်များကို ဖတ်ကြည့်နေခဲ့သည်။

ကျီဖေကိုစိတ်ပူတဲ့သူ ချစ်ကြတဲ့သူတွေအများကြီးပဲ....သူတို့မျက်လုံးထဲမှာတော့ ကျီဖေက တောက်ပတဲ့ နတ်ဘုရားမလိုပဲ။

ကျီပိုင်ကြားဖူးတဲ့ဆိုရိုးတစ်ခုလိုပဲ မကောင်းတဲ့သတင်းကလူတစ်ယောက်ရဲ့ ဂုဏ်သတင်းကိုဖျက်ဆီးနိုင်တယ်ဆိုတာ။

ကျီပိုင် Weiboပေါ်၌ သူမသွေးထုတ်နေတုန်းကပုံကိုတင်လိုက်သည်။ပုံထဲ၌ သူမရဲ့ဖျော့တော့နေသောလက်ကောက်ဝတ်ကို သေးသွယ်သောအနီရောင်သွေးပြွန်လေးက ထိုးသွင်းလျက် မြင်ရသည်မှာအလွန်ကိုကြောက်စရာကောင်းပြီး 

"ခေါင်းကိုက်နေတယ်"

သူမအရင်ကတင်နေကြပို့စ်တွေကို ဖျက်လိုက်ပြီး ခုလက်ရှိ၌သူမရဲ့Weiboကအခြားသူတွေကြည့်ဖို့အတွက်သာဖြစ်ပြီးတော့ အရင်လိုမျိုးသူမရဲ့စိတ်ခံစားချက်တွေကို ဖြေလျှော့ဖို့မဟုတ်တော့ပေ။အခြားသူများသည် ငရဲ၌ ခံစားနေကြရပြီး။ ကျီဖေလှည့်စားနေတဲ့ဖန်တွေအားလုံးကလည်း နောက်ပိုင်းမှာ သူမရဲ့ငရဲဖြစ်လာလိမ့်မယ်။

သူ့ရဲ့မပြောင်းလဲတဲ့ရင်ခွင်ထဲမှာ....(Mm translation)Where stories live. Discover now