Chapter 1

156 14 0
                                    

Unicode

အမှောင်ထဲမှာ သူမပိုးသတ်ဆေးအနံ့ကို ရလိုက်၍

သူမမျက်လုံးဖွင့်လိုက်တော့ ပထမဦးဆုံး ‌ေဆးရုံက အေးစက်နေတဲ့ အဖြူရောင်နံရံကို မြင်လိုက်ရတယ်။

ရုတ်တရက် သူမဘယ်ဘက်လက်မောင်းကနေ စပ်ဖျဉ်းဖျဉ်းနာတာကို ခံစားမိ၍

Ji Bai ငုံကြည့်လိုက်တော့ သူမရဲ့ဖြူဖွေးနေတဲ့အသားရေကို ထိုးဖောက်နေတဲ့အပ်ကို မြင်လိုက်ရတယ်။ အနီရောင်သွေးတွေကတီကောင်လိုပဲ သေးငယ်တဲ့ပိုက်တွင်းမှာ တွားသွားနေတယ်။

သူမအဲ့တာကို ပြန်နုတ်ဖို့လုပ်တဲ့အချိန်မှာ‌ေနွး‌ေထွးတဲ့ လက်တစ်စုံက သူမပုခုံးကိုဖိပြီး တားလိုက်တယ်။

"မကြောက်နဲ့နော် မကြာခင်ပြီးတော့မှာ"

သူမကြည့်လိုက်တော့ နူးညံ့ကြင်နာစွာ ပြုံးပြနေတဲ့ သူမရဲ့အမေ Tao Jiazhi ကိုမြင်လိုက်တယ်။

ခု သူမရဲ့အမေက မည်းနက်နေတဲ့ဆံပင်နဲ့ ငယ်ရွယ်နုပျိုနေတဲ့ပုံပေါက်နေတယ်။ အရင်ကထက်ပိုပြီး နူးညံ့နေတယ်။

Jibai သူမအသက်၁၇နှစ်အရွယ်ကို ပြန်ရောက်လာပြီ။ သူမပြန်လည်မွေးဖွားလာပြီ။
သူမ‌အမေက သူမနားနားမှာ နူးညံ့စွာ

"မကြောက်နဲ့နော် ဒီအတိုင်းသွေးအိတ်တစ်အိတ်စာပဲထုတ်တာ အမကိုကာကွယ်တာနဲ့ပက်သက်ရင်ဘာမှမဟုတ်ဘူးနော်"

ဒီစကား သူမသိတတ်တဲ့အရွယ်ကနေစပြီးဂါထာတစ်ခုလိုပဲ သူမအမေ အမြဲတမ်းပြော‌‌တဲ့စကား သူမအသက်နှစ်ဆယ့်ငါးနှစ်အရွယ်ထိ။

သူမအမ Ji Fei Fei‌‌ မွေးကတည်းက hemophilia ရောဂါနဲ့ မွေးဖွားလာတယ်။သူမမှာ ပြင်းထန်သော သွေးခဲမှုဖြစ်စဉ်ရှိတာကြောင့် ပုံမှန်သွေးသွင်းပေးရတာကို လိုအပ်တယ်။

သူမရဲ့ေသွးက သွေးဘဏ်တွေမှာ တွေ့ရခဲတဲ့ ရှားပါးတဲ့ RH negative AB သွေး။ သူမမိဘတွေက Aသွေး Bသွေး။ ဒါကြောင့် သူတို့သူမကို သွေးပေးလို့မရဘူး။

Ji Fei Fei အတွက် သူမမိဘတွေက   နောက်ထပ်ကလေးတစ်ယောက်ယူဖို့ ဆုံးဖြတ်လိုက်တယ်  "သက်ရှိသွေးဘဏ်" အဖြစ်  ။

ဒါကြောင့်မို့ နောက်နှစ်မှာ Ji Bai မွေးဖွားခဲ့တယ်။ ကံ‌ေကာင်းစွာဖြင့် သူမရဲ့သွေးက သူမအမရဲ့သွေးနဲ့ တစ်ထပ်တည်းတူခဲ့တယ်။

သူ့ရဲ့မပြောင်းလဲတဲ့ရင်ခွင်ထဲမှာ....(Mm translation)Where stories live. Discover now