ကောင်မလေးတွေက ဟော့ပေါ့လည်းစားချင်တယ် ဒါ့အပြင် Xie Su ကလည်း ဖိတ်ခေါ်ထားတယ်။ ကျောင်းမှာရှိတဲ့ လူတိုင်း Xie Suကိုစကားမပြောရဲကြဘူး။
နောက်ဆုံးတော့ ကောင်မလေးတွေ အကုန်လုံး ထိုင်လိုက်ကြတယ်။
Cong Yuzhouu ကပထမဦးဆုံး သူ့ကိုယ်သူစမိတ်ဆက်လိုက်တယ်
"ကိုယ့်နာမည်က Cong Yuzhou အတန်း ၁၉က ပြီးတော့ မင်းတို့အားလုံးသိမှာပါ ဒါက ကိုယ့်သူငယ်ချင်း Jiang Zhongning ပြီးတော့....ထားလိုက်တော့ အားလုံးကို မမှတ်မိလောက်ဘူး"
ဘေးနားမှာထိုင်သူ့သူငယ်ချင်းတွေက အော်ကြတယ်
"ဘာလဲ ငါတို့က နာမည်မိတ်ဆက်ဖို့တောင် မတန်ဘူးလား"
Cong Yuzhou ကပြုံးလိုက်ပြီးတော့
"မင်းတို့ကြိုက်သလို ကိုကို ဒါမှမဟုတ် ကိုလေးလို့ခေါ်လို့ရတယ်"
"အိုခေ Cong Yuzhou မင်း ကောင်မလေးတွေရောက်တာနဲ့ ချက်ချင်းကို အကျိုးထူးတွေယူနေတာ"
"သွားလိုက်တော့"
ဒီယောက်ကျားလေးတွေပုံစံက သူမတို့အတန်းမှာတွေ့နေကျ ကြင်နာ နူးညံ့တဲ့ယောက်ကျားလေးတွေပုံစံနဲ့ ကွဲထွက်နေတယ်။
မိန်းကလေးတွေလည်း သူတို့အချင်းချင်းသိလည်းပဲ ကိုယ့်ကိုကိုယ် စတင်မိတ်ဆက်ကြတယ်။
Xie Su ကအစွန်ဆုံးမှာထိုင်နေသောကြောင့် Ji Baiကို သူ့ဘေးနားသို့ ထိုင်ခိုင်းကြတယ်။
သူ့ဆီကနေ အရမ်း ယောက်ကျားဆန်ပြီး တခြားသူကိုဆွဲဆောင်နိုင်တဲ့ အော်ရာတွေထွက်နေတယ် ။ ပြန်လည်မွေးဖွားလာတဲ့ Ji Bai တောင်မခုခံနိုင်လောက်အောင် သူမရဲ့နှလုံးခုန်သံတွေ မြန်လာတယ်။
စားပွဲထိုးက မိနူးကတ်ပေးတဲ့အခါ ယောက်ကျားလေးတွေက Xie Suကို ပေးလိုက်ကြတယ်။
Xie Suက ဒီအချိန်ထိ မိန်းကလေးတွေနဲ့ မပက်သက်ဖူးဘူး။ သူဘောပင်ယူပြီးတော့ အစားအစာတွေကို မှာနေတဲ့အချိန် Cong Yuzhouက Xie Suထိုင်ခုံကို ခြေထောက်နဲ့ ကန်လိုက်တယ်။
Xie Su ကသူ့ကိုကြည့်လိုက်ပြီးတော့ " ဘာလဲ?"
Cong Yuzhou ကမျက်လုံးနဲ့ အချက်ပြလိုက်ပြီးတော့
YOU ARE READING
သူ့ရဲ့မပြောင်းလဲတဲ့ရင်ခွင်ထဲမှာ....(Mm translation)
RomanceUnicode နင်ကောင်းကောင်းနေနေသရွေ့ ငါနင့်အတွက်သူငယ်ချင်းေကာင်းဖြစ်ပေးမယ်" သူမရဲ့စစ်မှန်တဲ့သတိပေးချက်ကိုကြားတော့သူကသူမကိုငုံ့ကြည့်လိုက်ပြီးအေးစက်စွာရယ်မောလိုက်တယ်။ "ဘယ်သူကမင်းနဲ့သူငယ်ချင်းဖြစ်ချင်တာလဲ" သူက ဒီအတိုင်းပဲ သူမကို သူရဲ့ရင်ခွင်ထဲမှာတင်းတင်း...