Unicodeအကုန်လုံးစားသောက်ပြီးတဲ့နောက် Xie Sui သူ့ပိုက်ဆံအိတ်ကို ထုတ်လိုက်ပြီး Cong Yuzhouကို ပိုက်ဆံရှင်းဖို့ပေးလိုက်တယ်။
Jibai : "တစ်ဝက်စီပေးရအောင်"
သူမသူငယ်ချင်းတွေကလည်း "ဟုတ်တယ် တစ်ဝက်စီပေးတာက ပိုကောင်းတယ်"
Cong Yuzhou က ပြုံးလိုက်ပြီး "မိန်းကလေးတွေ ပိုက်ဆံရှင်းရမယ်ဆိုတာတစ်ခါမှ မကြားဖူးဘူး"
Xie Suiရဲ့မိသားစုအခြေအနေမကောင်းတာကိုသူမသိတယ်။ ဒါပေမယ့် သူကကြောက်စရာကောင်းပြီး ကြမ်းတမ်းတယ်။ တိုက်ခိုက်တာလိုမျိုးကိုကျွမ်းကျင်တော့ အဲ့တာနဲ့ပဲပိုက်ဆံရှာတယ်။ ညပိုင်းမြေအောက်လက်ဝှေ့ထိုးပွဲတွေရှိတိုင်း သူကံကောင်းရင် ပိုက်ဆံဂဏန်းလေးလုံးတော့ရတယ်။သေချာတာကတော့ အဲ့ထက်တောင်ပိုများမယ်။ ပြီးတော့ချမ်းသာတဲ့သခင်လေးတွေအစား ကားမောင်းလည်းပြိုင်သေးတယ်။သူတို့ကလောင်းကြေးထပ်ကြတယ်။သူနိုင်ရင် ငွေအများကြီးရတယ်။
သူကအလုပ်ကြိုးစားတယ်။သူမလုပ်နိုင်တာဆိုတာမရှိဘူးလို့ သူမယုံကြည်တယ်။
သူကအရမ်းတောက်ပနေတဲ့မီးလိုပဲ မာနကြီးတယ် ထင်ရာစိုင်းတယ်။အဲ့အက်စီးဒန့်စ်ကြောင့် သူ့ရဲ့ငယ်ဘဝပြီးဆုံးခဲ့ရတာစိတ်မကောင်းစရာပဲ
**
Jibai ကားမစီးဘဲနဲ့အိမ်ကိုလမ်းလျှောက်ပြန်တယ် အစာကြေအောင်လို့ကောပေါ့
သူမကရပ်ကွက်အပြင်ဘက်က ပန်းဆိုင်တွေ မုန့်ဆိုင်တွေ စားသောက်ဆိုင်တွေကိုကြည့်လိုက်တယ် ပြီးတော့ ဈေးဆိုင်တွေက ဦးလေးကြီးတွေ အဒေါ်ကြီးတွေ အော်ဟစ်လိုက်နဲ့ အလုပ်များနေတာကိုလည်းတွေ့ခဲ့တယ်။အရာရာတိုင်းကသူမအတွက် အရမ်းရင်းနှီးနေတယ်
သူမဘဝပြီးဆုံးသွားတယ်ဆိုတဲ့အိမ်မက်ရှည်ကြီးမက်နေသလိုတောင်ထင်ရတယ်
Jibaiမြို့လယ်မှာရှိတဲ့အဆင့်မြင့်ဆုံးပန်းခြံပါပြီး ခမ်းနားတဲ့အိမ်မှာနေတယ်
ဗီလာရဲ့ဘေးပတ်ဝန်းကျင်ကငြိမ်သက်ပြီးအေးချမ်းတယ် တံတားသေးသေးလေးတွေနဲ့ ရေတွေကစီးဆင်းနေတယ်ပြီးတော့ အစိမ်းရောင်နွယ်လေးတွေကော။သူမကအိမ်ရှေ့မှာပန်းပေါင်းစုံစိုက်ပျိုးထားတယ်။အဲ့ပန်းလေးတွေက တစ်နှစ်ပတ်လုံးပွင့်နေသလိုမျိုး အရမ်းကိုလှပနေတယ်
YOU ARE READING
သူ့ရဲ့မပြောင်းလဲတဲ့ရင်ခွင်ထဲမှာ....(Mm translation)
RomanceUnicode နင်ကောင်းကောင်းနေနေသရွေ့ ငါနင့်အတွက်သူငယ်ချင်းေကာင်းဖြစ်ပေးမယ်" သူမရဲ့စစ်မှန်တဲ့သတိပေးချက်ကိုကြားတော့သူကသူမကိုငုံ့ကြည့်လိုက်ပြီးအေးစက်စွာရယ်မောလိုက်တယ်။ "ဘယ်သူကမင်းနဲ့သူငယ်ချင်းဖြစ်ချင်တာလဲ" သူက ဒီအတိုင်းပဲ သူမကို သူရဲ့ရင်ခွင်ထဲမှာတင်းတင်း...