Jibai စောစောထပြီး ကိုယ်လက်သန့်စင်ပြီး အောက်ထပ်ကိုမနက်စာစားဖို့ဆင်းခဲ့တယ်။
အိမ်ကူအန်တီကြီးရဲ့လက်ရာကအရမ်းကောင်းတယ်။ မနက်စာကလည်းဖွယ်ဖွယ်ရာရာပဲ။
နွားနို့၊ ပေါင်မုန့်မီးကင်၊ကြက်ဥပဲနို့ပေါင်း၊ ပေါက်စီ အနောက်တိုင်းနဲ့တရုတ်ကိုရောထားတာ ဖွယ်ဖွယ်ရာရာပဲ။
ခုတော့ Jibai ကျန်းမာရေးကိုသေသေချာချာကိုတန်ဖိုးထားတော့မယ်။
သွေးအားနည်းရောဂါကြောင့်ခံစားခဲ့ရတဲ့နေ့ရက်တွေလည်းတော်လောက်ပြီ။
ဒါကြောင့်မို့ကျန်းမာရေးကအရေးကြီးဆုံးပဲ။
သူမပြိုလဲကျသွားရင် သူမကြိုးစားထားသမျှ အချည်းနှီးဖြစ်သွားလိမ့်မယ်။
သူမမနက်စာစားပြီးတော့ ကျောင်းသွားတော့မယ့်အချိန်မှာ Ji Fei Fei ကသမ်း၀ေနေပြီးတော့အောက်ဆင်းလာခဲ့တယ်။
Tao Jiazhi က
"Fei Fei မြင်လားညီမလေးတောင်မနက်စာစားပြီးတော့ကျောင်းသွားတော့မယ် ဘာလို့အိပ်ရာထဲပဲလဲနေတာလဲ"
"မေမေ သမီးအိပ်ချင်လို့"
ဆိုပြီးကလေးလေးတစ်ယောက်လိုမျိုးချွဲနွဲနေတယ်."
အမေကအစ်မရဲ့ခေါင်းကိုချစ်မြတ်နိုးစွာနဲ့ပွတ်သပ်လိုက်ပြီးတော့
"မြန်မြန်လုပ် ပြီးတော့တစ်ခုခုစားဦး မဟုတ်ရင်ကျောင်းနောက်ကျလိမ့်မယ်"
"ရပါတယ် ဒရိုက်ဘာကိုပို့ခိုင်းလို့ရတာပဲ"
Tao Jiazhi က Jibai ကို
"အစ်မကိုစောင့်လိုက်ဦး ပြီးကျမှ နှစ်ယောက်စလုံးကိုဒရိုက်ဘာလိုက်ပို့လိမ့်မယ်",
."ရတယ် စက်ဘီးစီးသွားလိုက်မယ်"
Tao Jiazhi Ji Bai ရဲ့နောက်ကျောကိုကြည့်လိုက်ပြီးတော့ Ji Fei ကိုပြောလိုက်တယ်
"သမီးညီမလေးပြောင်းလဲသွားသလိုပဲ"
Ji Fei Fei ကသူမရဲ့သူငယ်ချင်းတွေနဲ့မက်ဆေ့ပို့ရင်းအလုပ်များနေတော့ သူမအမေပြောသံကိုမကြားလိုက်ဘူး။
Jibai သူမစက်ဘီးလေးကိုဖြည်းဖြည်းချင်းစီးနေခဲ့တယ် အားကစားလည်းလုပ်ပြီးဖြစ်သွားတာပေါ့။
YOU ARE READING
သူ့ရဲ့မပြောင်းလဲတဲ့ရင်ခွင်ထဲမှာ....(Mm translation)
Lãng mạnUnicode နင်ကောင်းကောင်းနေနေသရွေ့ ငါနင့်အတွက်သူငယ်ချင်းေကာင်းဖြစ်ပေးမယ်" သူမရဲ့စစ်မှန်တဲ့သတိပေးချက်ကိုကြားတော့သူကသူမကိုငုံ့ကြည့်လိုက်ပြီးအေးစက်စွာရယ်မောလိုက်တယ်။ "ဘယ်သူကမင်းနဲ့သူငယ်ချင်းဖြစ်ချင်တာလဲ" သူက ဒီအတိုင်းပဲ သူမကို သူရဲ့ရင်ခွင်ထဲမှာတင်းတင်း...
