My love💔 Part-2

1.4K 106 14
                                    

~~~~~At 7 Pm~~~~~

"ဂျောင်ကု!မင်းပြန်လာတာနောက်ကျလှချည်လား?"
ညစာစားချိန်လေးတော့ပြန်လာဦးမှပေါ့"
(ဧည့်ခန်းမှာစာအုပ်ထိုင်ဖတ်နေရင်းမေးလိုက်တာပေါ့)

"ဟုတ်အမေ ဒီနေ့နေရာစုံသွားလို့ပါ ညစာလည်း
ဆိုင်မှာစားခဲ့ပြီးပါပြီ အမေပြောစရာမရှိတော့ဘူး
မလား သားရေချိုးပြီးခနနားလိုက်ဦးမယ် ညကျ
ဂျီမင်နဲ့club မှာချိန်းထားတာရှိသေးလို့"

"အမလေးဂျွန်ဂျောင်ကုရယ် မင်းအိမ်စောင့်နတ်နဲ့များ
ရန်ဖြစ်ထားတာလား အိမ်ကိုကပ်တယ်မရှိဘူး"

"အမေကလည်းဗျာ သားကိုဆိုပြောဖို့ဘဲကြည့်နေတာ"

"မင်းကလည်းအချိုးပြေပြေနေလေ ကဲ ကဲ တော်ပြီ ငါမင်းကိုမိတ်ဆက်ပေးစရာလူရှိတယ်
သားထယ်ရေ သားထယ် ခနလောက်လာခဲ့ပါဦး"

"အမေ..သားထယ်?ဘယ်သူလဲ သားလည်းမသိရပါလား"

"အမေ့သူငယ်ချင်းရဲ့သားလေ သားနဲ့လက်ထပ်ပေးမဲ့
ကောင်လေးလေ ဘာလို့လည်း"

"ဗျာ..အမေ!?..သူကဘယ်လိုလုပ်အိမ်ရောက်နေတာလဲသားတောင်မသိရပါလား???!"

"ဗျာomma.ကျွန်တော့်ကိုဘာခိုင်းစရာရှိလို့လည်း"

"ဘာ!omma ဟုတ်လား မင်းက!!ဟမ်ဟိုကောင်လေး!?"

"ဟင်...အ..အကို?!"

"ဘာလဲ သားတို့နှစ်ယောက်ကအသိတွေလား?"

"ဟ...သိပ်သိတာပေါ့အမေရာ အမေကသားကိုလေ
clubမှာအလုပ်လုပ်တဲ့ကောင်လေးနဲ့လက်ထပ်ပေးမှာပေါ့လေ!!ယောကျာ်းတကာကိုအရက်လိုက်ငှဲ့ပေး
ယောကျာ်းတကာရဲ့ပရော်ပရည်လုပ်တာကိုခံနေရတဲ့
ကောင်လေးနဲ့....wowwww..amazing "

"ဟဲ့..ဂျွန်ဂျောင်ကု!!!မင်းစကားကိုဘယ်လိုတွေ
ပြောနေတာလဲ သားထယ်ကိုဘယ်လောက်အားနာဖို့
ကောင်းလိုက်လဲ ပြန်တောင်းပန်လိုက်စမ်း"

"အမေ!!သားကဘာလို့တောင်းပန်ရမှာလည်းသားက
အမှန်တရားတွေပြောနေတာလေ ဘာမှားလို့လည်း"

"ဟဲ့အကောင် သူကမင်းလိုမျိုးမိဘလုပ်စာထိုင်ဖြုန်း
ဘာအလုပ်မှမလုပ်တဲ့ဆန်ကုန်မြေလေးမဟုတ်ဘူးလေ
အဲ့တော့သူ့ဝမ်းရေးအတွက် အချိန်ပိုင်းအလုပ်တွေ
လုပ်ရမှာဘဲ အဲ့တာဆန်းသလား"

My love💔(complete)Where stories live. Discover now