My Love💔Part-13(zawgyi)

79 4 0
                                    

ဂျောင်ကုလည်းထယ်ယောင်းမလာသေးတာနဲ့လုပ်
လက်စအလုပ်တွေကိုဆက်လုပ်နေခဲ့တာပေါ့ထိုအချိန်
ဝင်လာတဲဂျောင်ကုရဲ့ဖုန်း သူလည်းဒီတိုင်းဘဲနာမည်
မကြည့်ဘဲကိုင်မိလိုက်တာပေါ့

"Hello TK Company ရဲ့ CEO ဂျွန်ဂျောင်ကုပြောနေပါတယ်ခင်ဗျ"

"Oppa!!! ဆိုဟီးကိုအရမ်းစိမ်းကားသွားတာဘဲ
ဟင့် ဆိုဟီးကိုမချစ်တော့ဘူးမလား"

"ဟာ...ဆို..ဆိုဟီးလား oppaတောင်းပန်ပါတယ်
အလုပ်ထဲဈာန်နည်းနည်းဝင်သွားလို့contantကို
မကြည့်လိုက်မိဘူး"

"အလုပ်??? oppaကအခုအိမ်မှာမဟုတ်ဘူးလား
ဆိုဟီးတောင်oppaအိမ်ရောက်တော့မှာ"

"ဟင်..ဟုတ်လား အဲ့ဆိုအိမ်မှာဘဲခနစောင့်နေလေ
oppaနဲ့အတူတူနေ့လည်စာသွားစားကြရအောင်"

ဒီလိုနဲ့ဂျောင်ကုလည်းလုပ်လက်စတွေကိုလက်စသက်ကာအိမ်သို့အမြန်ပြန်လာခဲ့တာပေါ့ အိမ်ရှေ့ရောက်
တော့ဆူညံသံတွေကြောင့်အမြန်သွားကြည့်လိုက်တော့
ဆိုဟီးကိုပါးရိုက်လိုက်တဲ့ထယ်ယောင်းကိုတွေ့သွားတာပေါ့
*တောက်စ် ကင်မ်ထယ်ယောင်းးး!!*

ဂျောင်ကုလည်းအမြန်ပြေးသွားပြီးထယ်ယောင်းရဲ့
ပါးကိုအားပါပါနဲ့ရိုက်လိုက်တာပေါ့ အစကတည်းက
အပူလောင်လို့နီရဲနေတဲ့ပါးပြင်ဟာ ဂျောင်ကုကြောင့်
အရည်ကြည်ဖုပါထွက်သွားရတာပေါ့

"ဖြန်းးး!!ကင်မ်ထယ်ယောင်း ဆိုဟီးကိုထိရအောင်
မင်းကိုမင်းဘာထင်နေသလဲ??!!"

"မ..မဟုတ်ဘူး..မဟုတ်ဘူးအကို..အကိုထင်သလို
မဟုတ်ဘူး.ထယ်..ထယ်..ရှင်းပြ.."

"ဖြောင်းးးး!!အားပါလွန်းတဲ့ရိုက်ချက်ကြောင့်
ကြမ်းပြင်ပေါ်သို့လဲကျသွားတဲ့ထယ်ယောင်း"

"မင်းရဲ့စောက်ဆင့်မရှိတဲ့ပါးစပ်ကနေထွက်လာမဲ့
ပရမ်းပတာစကားတွေနားထောင်ဖို့ငါ့မှာအချိန်မရှိဘူး
မင်းကလေမင်းကိုနည်းနည်းလေးကောင်းပေးလိုက်တာနဲ့ကိုယ့်အဆင့်ကိုယ်မေ့နေတဲ့ကောင်ဘဲ မင်းအဆင့်ကငါအာသာဖြေဖို့သာသာဘဲရှိတယ်
ကိုယ့်အဆင့်ကိုယ်ဘယ်တော့မှမမေ့နဲ့!!"

ပြောချင်ရာပြောပြီးဆိုဟီးကိုပွေ့ကာထွက်သွားတဲ့
ဂျောင်ကု ထယ်ယောင်းမှာတော့ ပါးပေါ်ကဒဏ်ရာ
ထက် *အာသာဖြေဖို့သာသာဘဲ*ဆိုတဲ့စကားကြောင့်
ရင်ဘတ်ထဲကဒဏ်ရာကပိုပြီးနာကျင်နေရတာပေါ့

My love💔(complete)Where stories live. Discover now