My Love💔Part-16(zawgyi)

132 4 0
                                    

ဂျောင်ကုလည်းဆိုဟီးကိုအိမ်ပြန်လိုက်ပို့ပေးပြီး
အိမ်ကိုပြန်လာခဲ့တာပေါ့ သူအိမ်ကိုပြန်ရောက်တော့
သူ့အမေရဲ့ကားကိုတွေ့တာကြောင့် သူ့အမေရောက်
နေပြီဆိုတာသိလိုက်တာပေါ့ အဆူခံရမှာဘဲဆိုပြီး
စိတ်ကိုတင်းကာအိမ်ထဲဝင်လိုက်တာပေါ့
ဧည့်ခန်းထဲမှာမတွေ့တာနဲ့သူလည်းအိပ်ခန်းဆီကို
တက်လာခဲ့တာပေါ့

"Jeon Jungkook!!!"

ခါတိုင်းနဲ့မတူဘဲပိုမိုတင်းမာနေတဲ့သူ့အမေရဲ့အသံ
ဂျောင်ကုလည်းအဆူခံရမယ်ဘဲထင်တာပေါ့

"အမေ..ကျွန်တော်...."

"ဖြောင်း!!!"

ဘာမှတောင်မပြောရသေးပါးကိုအရိုက်ခံလိုက်ရတဲ့
ဂျောင်ကု ဂျောင်ကုမှာတော့အံ့သြခြင်းများစွားနဲ့ပေါ့
တစ်သက်နဲ့တစ်ကိုယ် ပါးကိုမပြောနဲ့ တခြားနေရာ
တွေကိုတောင်လက်နဲ့မထိခဲ့ဖူးတဲ့သူ့ရဲ့အမေက အခု လူအများရှေ့မှာသူ့ပါးကိုရိုက်လိုက်တာပေါ့

"အ..အမေ???"

"ငါ့ကိုအမေလို့မခေါ်နဲ့မင်းလိုသားမျိုးမွေးထားရတာ
ငါရှက်တယ်သိလားဂျွန်ဂျောင်ကု"

ထိုစကားကြားတော့ဝမ်းနည်းခြင်းနဲ့အတူဝေ့တက်
လာတဲ့မျက်ရည်တွေ တစ်သက်နဲ့တစ်ကိုယ်သူ့အမေ
ခုလောက်ထိစိတ်ဆိုးတာမမြင်ဖူးသေးချေ

"အ..အမေ..ဘာတွေပြောနေတာလဲ ..သား...
သားဘာလုပ်မိလည်း"

"ကိုယ့်ခင်ပွန်းတစ်ယောက်လုံးကိုယ်ဝန်ရှိနေတာ
တောင်မသိဘဲတခြားမိန်းမနဲ့ပလူးနေတာ
ဘာသဘောလဲ မင်းယူထားတာ ကင်မ်ထယ်ယောင်းကိုနော် မင်ဆိုဟီးကိုမဟုတ်ဘူး
မင်းကာကွယ်ရမှာကင်မ်ထယ်ယောင်း မင်းဂရုစိုက်
ရမှာကင်မ်ထယ်ယောင်း မိန်းမဖြစ်ပြီးသူများလင်ကို
ကြာကူလီလုပ်ချင်နေတဲ့မင်ဆိုဟီးကိုမဟုတ်ဘူး"

"ဗ..ဗျာ..ကိုယ်..ကိုယ်ဝန်?"

"ဟုတ်တယ် ယောင်းလေးမှာမင်းနဲ့ရတဲ့မင်းရင်သွေး
ရှိနေပြီ"

"ဗျာ..မ..မဖြစ်နိုင်ပါဘူး..သူကယောကျာ်းလေးလေ
ဘယ်လိုလုပ်ပြီးကိုယ်ဝန်ဆောင်နိုင်မှာလည်း
မဖြစ်နိုင်တာတွေမပြောပါနဲ့အမေကလည်း"

My love💔(complete)Unde poveștirile trăiesc. Descoperă acum