My Love 💔Part-15(zawgyi)

111 3 0
                                    

တစ်ကိုယ်လုံးနာကျင်ကိုက်ခဲမှုတွေနဲ့အတူနိုးလာတဲ့
ထယ်ယောင်း ခုထိအဝတ်တွေမဝတ်ရသေးချေ
ခုထိသူ့ကိုသန့်ရှင်းရေးမလုပ်ပေးရသေးချေ
ထယ်ယောင်းလည်းတစ်ချက်ရီလိုက်ပြီးကုတင်
အောက်ကသူ့အဝတ်တွေကိုဝတ်ကာရေချိုးခန်းထဲ
သို့ဝင်သွားခဲ့တာပေါ့

*ငါကသူ့အတွက်အာသာဖြေဖို့သာသာဘဲဘာတန်ဖိုး
မှရှိတဲ့ကောင်မဟုတ်ဘူးကင်မ်ထယ်ယောင်းမင်း
ဘာတွေမျှော်လင့်နေတာလဲ*

စိတ်ထဲကနေတွေးကာရေပန်းအောက်မှာအချိန်ကြာတဲ့
အထိရပ်နေမိတာပေါ့ ညကဒဏ်ကြောင့်သူ့မှာ
လမ်းလျှောက်ဖို့တောင်မနည်းထော့နဲ့နဲ့ဖြစ်နေရတာပေါ့
ထယ်ယောင်းလည်းဆက်တွေးမနေတော့ဘဲရေအမြန်
ချိုးကာ ထော့နဲ့နဲ့ နဲ့ အောက်ထပ်ကိုဆင်းလာတာပေါ့

"သခင်လေး နေမကောင်းဘူးလား ခြေထောက်က
ဘာဖြစ်တာလဲ ပြီးတော့နှုတ်ခမ်းတွေကလည်းဖြူဖတ်
နေတာဘဲ ကျွန်တော်ဆရာဝန်ခေါ်ပေးရမလား"

"အာညီး ကျွန်တော်ဘာမှမဖြစ်ပါဘူးအစ်ကိုဆော့ဂျင်
မနက်စာပြင်နေတာမလား ကျွန်တော်လည်းကူပြင်
ပေးပါရစေ"

"သခင်လေးရယ် ဒီနေ့တော့နားလိုက်ပါလားဗျာ"

"ကျွန်တော့်မှာသူ့အတွက်မနက်စာပြင်ပေးဖို့တောင်မှ
အခွင့်အရေးမရှိဘူးလားဟင် သူရဲ့အာသာဖြေရာ
အရုပ်ပေမဲ့ သူ့အတွက်..သူ့အတွက်မနက်စာလေးကို
တော့ကိုယ်တိုင်..ကိုယ်တိုင်ပြင်ပေးချင်တာမို့"

တဖြည်းဖြည်းတိမ်ဝင်လာတဲ့အသံနဲ့အတူမျက်လုံးအိမ်
ထဲမှာလည်းမျက်ရည်စတွေရစ်သီလာတာပေါ့

"ကျွန်တော်တောင်းပန်ပါတယ်သခင်လေး ကျွန်တော်
အဲ့သဘောနဲ့ပြောတာမဟုတ်ပါဘူး တောင်းပန်ပါတယ်
သခင်လေးစိတ်တိုင်းကျစီမံပါ ကျွန်တော်တို့ဘေးက
ဝိုင်းကူလုပ်ပေးပါ့မယ်"

"................"

ထယ်ယောင်းလည်းဘာမှပြောမနေတော့ဘဲမနက်စာကို ကိုယ်တိုင်ပြင်နေတာပေါ့ ဒါပေမဲ့ဟင်းနံ့တွေကို
ရတော့မူးဝေလာတဲ့ခေါင်းနဲ့အတူအန်ချင်စိတ်က
ထိန်းမရတော့ချေ

"ဝေါ့...အဟွတ်..ဝေါ့"

ထယ်ယောင်းလည်းအမြန်ဘေစင်သို့သွားပြီးအန်နေမိတာပေါ့

My love💔(complete)Where stories live. Discover now