My Love💔Part-8(zawgyi)

71 5 0
                                    

ဂျောင်ကုလည်းဟန်းနီးမွန်းကို ထယ်ယောင်းအကြိုက်
Paris ကိုသွားဖို့ရွေးလိုက်တာပေါ့

ဂျောင်ကုလည်းအဝတ်ထုတ်တွေကိုကိုယ်တိုင်ထည့်ပြီးအရင်ပြီးနှင့်နေတာနဲ့ထယ်ယောင်းကိုစောင့်နေတာပေါ့ထယ်ယောင်းမှာတော့ခုထိမပြီးနိုင်သေးချေ

"ဟာ...အကိုဘာလို့ထိုင်နေတာလဲ သွားကြမယ်လေ
တော်ကြာလေယာဉ်နောက်ကျနေလိမ့်မယ်"

"ငိ...ကိုယ်ကမင်းမပြီးသေးလို့ထိုင်စောင့်နေတာလေ
ဒါနဲ့နေစမ်းပါဦး မင်းအကျီကတခြားဟာမရှိဘူးလား
ငါဝယ်ပေးထားတာတွေအများကြီးပါ အခုဟာက
ဒီလောက်လည်ပင်းဟိုက်နေတာ သွား ပြန်လဲချည်"

"ဟာ..အကိုကလည်း..ဒီအကျီလေးကကြိုက်လို့ပါ
ပြောသလောက်ကြီးလည်းမဟိုက်ပါဘူးဒီတိုင်းလေးဘဲကောင်းပါတယ် လာပါလေယာဉ်နောက်ကျနေမယ်
သွားကြရအောင်ပါ"

"ဂျွန်ထယ်ယောင်း!!!မင်းကိုငါကသွားလဲဆိုသွားလဲ
အတွန့်တက်စရာမလိုဘူးလေယာဉ်ကကိုယ်ပိုင်
လေယာဉ်မို့နောက်ကျလည်းဘာမှမဖြစ်ဘူး ငါပြောတဲ့
အတိုင်းသာလုပ်စမ်းပါကွာ"

"ဟွန့်...ဟုတ်(အကျင့်ကိုမကောင်းဘူး)"

"မင်းဘာပြောနေလဲကိုယ်အကုန်ကြားတယ်နော်ပွစိပွစိ
နဲ့ပြန်ပြောမနေနဲ့ မြန်မြန်လဲလာခဲ့!!!"

ဂျောင်ကုထိုသို့ပြောမှလုံးလုံးလုံးလုံးနဲ့အခန်းထဲကို
တန်းနေအောင်ဝင်ပြေးသွားတဲ့ထယ်ယောင်း

"ဟွန့်...ဒီလောက်ဆိုရပြီလား..ဒီထက်လုံချင်ရင်တော့
မံမီသာလုပ်သွားရုံဘဲ"

longcoadအရှည်ကြီးကိုမှဘောင်းဘီအရှည်နဲ့တွဲ
ဝတ်ထားပြီးအပေါ်က Masks ကိုပါအရွဲ့တိုက်ပြီး
ဝတ်လာတာပေါ့ အရွဲ့တိုက်ပြီးဝတ်လာတာဆိုပေမဲ့
လူကောင်ကသေးတော့longcoadထဲမှာမြှပ်ပြီး
ဆန်မုန့်လုံးလေးလိုချစ်စရာကောင်းနေတာပေါ့

"အမ်း"ရပြီ...သွားကြမယ်..အိတ်ပေး"

ထယ်ယောင်းအိတ်ကိုပါဆွဲယူသွားပြီးကားပေါ်တက်သွားခဲ့တာပေါ့ထယ်ယောင်းမှာတော့ကြောင်အမ်းအမ်း

ဒီလိုနဲ့လေယာဉ်ကွင်းရောက်တော့......

"woww..လေယာဉ်မစီးရတာအတော်တောင်ကြာနေပြီဘဲ ငယ်ငယ်တုန်းကဒီလောက်ထိကြီးမယ်လို့
မထင်ဘူး အခုဟာကြီးက တော်တော်ကြီးတယ်နော်"

My love💔(complete)Where stories live. Discover now