My Love💔Part-5(zawgyi)

74 5 0
                                    

~~~~~~At wedding day~~~~~~~~

အချိန်ကုန်တာဘဲမြန်တာလားစိတ်ထင်လို့လားရယ်တော့မသိ ဂျောင်ကုနဲ့ထယ်ယောင်းတို့ရဲ့မဂ်လာပွဲနေ့
ရောက်လာခဲ့တာပေါ့ထယ်ယောင်းမှာတော့စိတ်တွေ
လှုပ်ရှားနေပြီးခြေဖျားလက်ဖျားတွေအေးစက်နေတာပေါ့ သတို့သားအခန်းထဲမှာထိုင်နေရင်းဂဏာမငြိမ်
ဖြစ်နေတာပေါ့~~~~

"သားထယ်~စိတ်တွေအရမ်းလှုပ်ရှားနေတာလား?
ommaတစ်ယောက်လုံးဘေးမှာရှိတယ်နော်သိလား
ဘာမှကြောက်စရာမလိုဘူးအဆင်ပြေသွားမှာမို့စိတ်ကိုအေးအေးထားနော်"

"ဟုတ်...ဟုတ်ကဲ့ပါomma... ဟို..ဟိုဟာလေ"

"ပြောလေသားထယ်တစ်ခုခုလိုချင်တာရှိလို့လား"

"အာ...မ..မဟုတ်ပါဘူး..ဟိုအချိန်ကလိုသေးလား
ကျွန်တော် Toilet ခနသွားချင်လို့ပါ ဒီထဲနေရတာ
နည်းနည်းမွန်းကြပ်သလိုခံစားရလို့"

"ဟား"ဟုတ်ပါပြီ သွားပါ အချိန်က15 minutes
လောက်ဘဲလိုတော့တာToilet ကပြန်တာနဲ့ကွက်တိ
လောက်ဘဲကျမှာပါ တစ်ခါတည်းလျှောက်လမ်းကို
လာခဲ့လိုက်တော့နော် သားလုပ်နိုင်တယ်မလား"

"ဟုတ်...ဟုတ်ကဲ့ omma.."

~~~~~~ဒီလိုနဲ့ Toilet ဆီသို့~~~~~~~~

ထယ်ယောင်းတစ်ယောက် Toilet သုံးနေတုန်း
အပြင်ကနေကြားလိုက်ရတဲ့အသံကြောင့် တိတ်တိတ်
လေးခိုးပြီးနားထောင်နေတာပေါ့

"ဘာ...ဘာပြောတယ် အခုMrs.Jeon ရဲ့သားမက်
က ကင်မ်...ကင်မ်ထယ်ယောင်း??ဟုတ်လား"
(Toilet ထဲမှာလူမရှိဘူးအထင်နဲ့ပြောနေတာပေါ့)

"ဟုတ်...ဟုတ်ပါတယ်ဆရာ.."

"တောက်စ်!သူသာ သူ့မိဘတွေသတ်ခဲ့တာငါဆိုတာ
သိသွားခဲ့ရင် အကုန်လုံးရှုပ်ထွေးကုန်တော့မှာဘဲ"

"ဗျာ...ဘာလို့..သူကဆရာလုပ်တာမှန်းသိလို့လား"

"အရူးရဲ့ အခုမသိတောင်တစ်ချိန်ချိန်ကျ ပေါ်လာနိုင်
တယ်လေ သူကငါ့ကိုကောင်းကောင်းမှတ်မိလောက်
မှာဘာလို့ဆိုသူ့ရဲ့ကျောင်းအပို့အကြိုကအစငါလုပ်ပေးခဲ့ရတာလေ"

"ဗျ..ဗျာ...အဲ့တာဆိုသူ့ကိုရှင်းလိုက်ကြမလား"

"လာပြန်ပြီပုစွန်ဦးနှောက်နဲ့ သူကအခုJeon Groupရဲ့သားမက်ဖြစ်နေပြီလေ ငါတို့ဘယ်လို
သွားရှင်းရမှာလည်း?"

My love💔(complete)Where stories live. Discover now