My Love💔 Part-12

1.4K 97 26
                                    

ဂျောင်ကုလည်းရင်ခွင်ထဲကပေါ့ရွှတ်ရွှတ်အရာကြောင့်
နိုးလာတော့ထယ်ယောင်းသူ့ဘေးမှာမရှိတော့ဘဲရင်ခွင်
ထဲရောက်နေသည်ကဖက်လုံးကြီးသာ

*ဒီကောင်လေးဘယ်များသွားတာပါလိမ့်*

ဂျောင်ကုလည်းဘာမှတွေးမနေတော့ဘဲရေချိုးခန်းထဲ
ဝင်ကာရေချိုးပြီးအောက်ထပ်ကိုဆင်းလာခဲ့တာပေါ့
အောက်ထပ်ရောက်တော့ဆော့ဂျင်နဲ့အတူပြုံးပျော်ပြီး
မနက်စာပြင်နေတဲ့ထယ်ယောင်းကိုတွေ့တော့မျက်နှာဟာချက်ချင်းပြောင်းသွားတာပေါ့

"ထယ်~ဘာလို့အစောကြီးထသွားတာလဲ မောင့်ကို
တစ်ယောက်တည်းထားခဲ့တယ်နော်"

ပြောလည်းပြောရင်းထယ်ယောင်းကိုသိုင်းဖက်ကာနားသယ်စကိုနမ်းနေတဲ့ဂျောင်ကု ရုတ်တရတ်ဆန်တဲ့
အပြုအမူကြောင့်ထယ်ယောင်းတောင်လန့်သွားတာပေါ့ သူသိသည်လေဒါတွေကဆော့ဂျင်ရှေ့မှာမို့တမင်
လုပ်ပြနေတယ်ဆိုတာကိုဒါမဲ့လည်းကျေနပ်နေမိတာပေါ့

"အမလေး အမလေး ပြောတော့ဆိုဟီးကလွဲဲရင်
တခြားဘယ်သူ့ကိုမှမချစ်ဘူးဆို ထယ်ယောင်းကိုလည်းမချစ်ဘူးဆို အခုများတော့
ဒီလောက်လူတွေအများကြီးရှေ့မှာတောင်ဖြစ်ပျက်နေတယ်နော် ဂျွန်ဂျောင်ကုရှီး "

"ဟမ်?..ဟင်..အမေ..အမေကဘယ်တုန်းကတည်းက
ရောက်နေရတာလဲ???"

"ဟဲ့ငါကမနက်အစောကြီးကတည်းကရောက်နေတာ
ဒီမှာငါ့သမက်ကလေးနဲ့အိမ်တော်ထိန်းကင်မ်ကသူတို့
အရင်တုန်းကအကြောင်းတွေပြန်ပြောနေလို့နားထောင်
နေတာလေ နင်သာအဗူးလွန်ပြီးငါ့ကိုမမြင်တာ"

"ဟာ..ဟာဗျာ..အ..အမေကလည်းဗျာ "

ထို့သို့ပြောလိုက်မှရှက်ရှက်နဲ့ထမင်းစားပွဲကိုဆူပုပ်"
ဝင်ထိုင်တဲ့ဂျောင်ကု ကျန်တဲ့သူတွေမှာတော့ပြုံးစိ"
နဲ့ကြည့်နေတာပေါ့ဒါမဲ့ဘယ်သူမှမရီရဲချေ

"ကဲ ဘယ်လိုလည်းကုမ္ပဏီစဝင်ဖို့အဆင်သင့်ဘဲလား
ဒီနေ့မှစဝင်တာကိုအလွဲလွဲအချော်ချော်တွေမဖြစ်စေနဲ့
နော်ဂျောင်ကု မင်းအတွက်မန်နေဂျာကိုသေချာလေး
ရွေးပေးထားတယ် အတွင်းရေးမှူးထားချင်ရင်လည်း
မင်းဘာသာမင်းရွေး အဲ့တာကအစလိုက်မလုပ်ပေးနိုင်ဘူး"

My love💔(complete)Where stories live. Discover now