My Love💔 Part-18

1.5K 97 10
                                    

အချိန်တွေဟာတဖြည်းဖြည်းနဲ့ကုန်လွန်လာလိုက်တာ
ထယ်ယောင်းရဲ့ဗိုက်ကလေးဟာဆိုလည်း7လထဲသို့
ရောက်နေပြီလေ အရင်ကလိုအကျီတီရှပ်တွေဝတ်မရ
တော့ဘဲ Hodieအကျီပွပွကြီးတွေကိုသာဝတ်ဆင်
ရတာပေါ့ အိမ်နေရင်းဆိုရင်ဂျောင်ကုရဲ့အကျီအကြီး
ကြီးတွေယူဝတ်ရတာအကျင့်တောင်ဖြစ်နေတာပေါ့
7လအတောအတွင်းသူတို့နှစ်ယောက်ရဲ့ဆက်ဆံရေး
ဟာပိုမိုပွင့်လင်းလာပေမဲ့ ခုထိဂျောင်ကုမှာထယ့်ကို
ချစ်နေတယ်ဆိုတာဖွင့်မပြောရသေးချေ ထယ်ယောင်း
မှာလည်းဂျောင်ကုရဲ့ဂရုစိုက်မှုတွေကြင်နာယုယမှုတွေ
ကြောင့်မို့ ဂျောင်ကုချစ်တယ်မပြောလည်းဂျောင်ကုရဲ့
အချစ်တွေကိုတွေ့နေရတာပေါ့ ဂျောင်ကုဖွင့်ပြောလာ
မဲ့အချိန်ကိုသာမျှော်လင့်တကြီးနဲ့စောင့်နေတာပေါ့

"မွ"ဒယ်ဒီ့ကလေးလေး ပါးပါးဗိုက်ထဲမှာနေရတာ
ပျင်းနေပြီလား ခနလောက်ဘဲစောင့်ပေးနော်
ကလေးလေးရေ နောက်ထပ်နှစ်လလောက်နေရင်
လူ့ဘဝကြီးထဲရောက်လာရတော့မှာ အဲ့ခါကျမှ
ဒယ်ဒီနဲ့အတူတူဆော့ကြမယ်နော်"

ထယ်ယောင်းရဲ့အကျီကိုလှန်တင်ကာ ဗိုက်ပူပူလေး
ကိုစကားတွေပြောနေတဲ့ဂျောင်ကုပါလေ

"အကိုထယ်တို့အယ်ထရာဆောင်းသွားရိုက်ကြမလား
သားသားလေးလားမီးမီးလေးလားသိချင်နေပြီ"

"အာညီး ကိုယ်တော့မရိုက်ချင်ဘူးထယ် မွေးလာမှဘဲ
သိတာပိုပြီးရင်ခုန်ရမယ်ထင်တယ် ပြီးတော့ကလေး
လေးကသားလေးဘဲဖြစ်ဖြစ်သမီးလေးဘဲဖြစ်ဖြစ်
ကိုယ်ကချစ်ပြီးသားမို့ အဲ့တာတွေမလိုဘူး"

*အဲ့ဆိုထယ့်ကိုရောအကိုချစ်လားဟင်*

"ဟုတ်ပါပြီ အကို့သဘော အကို့စိတ်တိုင်းကျပါ
မနေ့တုန်းကတောင်ommaလာသေးတယ် အကို့
ကိုတောင်ဆူနေသေးတယ် ကိုယ်ဝန်လရင့်နေပြီကို
ထယ့်နားမှာမနေလို့တဲ့ ထယ်လည်းပြန်ပြောလိုက်
တယ် အကို့ရဲ့မေတ္တာတွေကြောင့် ထယ်ဘယ်တော့မှ
ထိခိုက်မှာမဟုတ်ဘူးလို့"

"ဟား"စကားတတ်လေးကွာ ကိုယ်အလုပ်တွေဘဲ
ဖိလုပ်နေရတယ်ဆိုတာကလည်း ကလေးလေး
မွေးခါနီးကျရင်အဲ့အလုပ်တွေကအကုန်ပစ်ထားမှာ
မို့ အခုကတည်းကကြိုတင်ပြင်ဆင်ထားတာ စိတ်ချပါ
ထယ့်ကိုယ်ဝန် 8လလောက်ကျရင် ကိုယ်ဘာအလုပ်မှ
မလုပ်တော့ဘူး ထယ့်နားဘဲနေတော့မှာ"

My love💔(complete)Where stories live. Discover now