3

1.4K 46 2
                                    

Downtown
3 - KL06

"မင်းတစ်ခုခုကြားလိုက်လား?"
K က Nina ကို မေးလိုက်သည်။
"ဟင့်အင်း ဘာမှမကြားပါဘူး..... လာပါ ကျွန်မတို့ ပျော်ကြရအောင်....."
Nina က ပြောပေမယ့် K အသံလာရာကို အာရုံစိုက်ကြည့်တော့ Juan ၏ အော်သံမှန်း သတိထားမိသွားသည်။
K က ကမန်းကတန်း ထလိုက်သည်။
"K နေဦး!!!"
Nina သူ့လက်ကို လှမ်းဆွဲချိန်၌ သူမတစ်ခုခုကို လျှို့ဝှက်ထားမှန်း K ခံစားမိလိုက်သည်။
"ငါတောင်းပန်ပါတယ် Nina...."
K က သူမကို ထားခဲ့ပြီး အပြင်ဘက်ကို အပြေးထွက်လာခဲ့သည်။

"မင်းဘာလုပ်နေတာလဲ!!!"
တံခါးပေါက်ရှေ့မှာ ထိုင်နေသော Agat ကို မေးလိုက်သည်။
သို့သော်လည်း Agat က ကြောက်ရွံ့နေဟန်ဖြင့် ဘာမှပြန်မဖြေပဲ သူ၏ နားများကိုသာ တင်းကျပ်စွာပိတ်ထား၏။
K သည် သူ၏ အမေးကို ပြန်မဖြေပဲ Agat ၏ ခန္ဓာကိုယ်ကို ဆွဲမလိုက်၏။
"Ahhh...."
ထို့နောက် ဆိုဖာပေါ်သို့အသာအယာတင်လိုက်ပြီး သူက တံခါးကို အားနဲ့ကန်ကာ ဖွင့်လိုက်၏။

"Juan!!!"
သတ္တဝါတစ်ကောင်ကို ခက်ခက်ခဲခဲ ခံခုနေရသော Juan ကိုတွေ့၏။ သူ၏ ခန္ဓာကိုယ်၌လည်း ခြစ်ရာကုတ်ရာများဖြင့် သွေးများ ထွက်နေ၏။
"ငါ့ကို လာကူဦး အရူးရဲ့!!!"
"ဟုတ်..... ဟုတ်.... လာပြီ!!!!!"
K က Juan ပေါ်က အုပ်မိုးထားသော သတ္တဝါကို လက်တစ်ဖက်ထဲနဲ့ ကိုင်ပေါက်လိုက်၏။ ထိုသတ္တဝါမှာ မသေသွားသော်ငြား တော်တော်အထိနာသွားပုံရ၏။ ခွေခွေခေါက်ခေါက်နဲ့ လဲနေပြီး ပြန်မထနိုင်တော့.....

"K.... ဒီက ထွက်သွားကြစို့...."
"ဘာလဲ?"
"ငါပြောတဲ့ အတိုင်း လုပ်စမ်းပါ...."
"Oh ok!!!"

K က Juan ကို ခပ်ဖြည်းဖြည်း ချီမလိုက်ပြီး အပြင်ကို ထွက်လာခဲ့သည်။ ထို့နောက် နှင်းတွေ ဝိုင်းရံထားသည့် နေရာ၌ သူ ဘယ်ကိုသွားရမလဲမသိ ဖြစ်နေ၏။ သူ၏ ရင်ခွင်ထဲက Juan မှာ အအေးဒဏ်ကြောင့်ရော ဒဏ်ရာတွေကြောင့်ပါ ပို၍ အားနည်းလာသည်ကို သူခံစားမိ၏။

နောက်ဆုံးတော့ အချိန်တော်တော်ကြာကြာ ခြေဦးတည့်ရာ သွားပြီးတော့ ကျောက်ဂူတစ်ခုကို တွေ့ရ၏။
K ၏ ခန္ဓာကိုယ်မှ အနွေးဓာတ် ထုတ်နိုင်သော်ငြား ထို အနွေးဓာတ်ဖြင့် မလုံလောက်သောကြောင့် မီးအနည်းငယ်မွှေးလိုက်သည်။
ထို့နောက် Juan ၏ အဝတ်အစားများအား ချွတ်လိုက်ပြီး သူ၏ ဒဏ်ရာများကို သန့်ရှင်းရေးလုပ်ပေးလိုက်သည်။ ထို့နောက် Juan ကို ဖက်လိုက်တာ သူ့ထံမှ အနွေးဓာတ်များ ထုတ်လွှတ်ပေးလိုက်သည်။
တစ်ချိန်ထဲမှာပဲ မြို့တော်က knight တပ်ဖွဲ့ကို သတင်းပို့ပေးလိုက်သည်။

Downtown✔Book - 1Where stories live. Discover now