7

903 40 2
                                    

Downtown
7 - Love

"ဘယ်ကိုသွားချင်လဲ"
Juan က ခုတင်ပေါ်မှာလှဲနေရင်း သူ့ရင်ခွင်ထဲက ကောင်လေးကိုမေးလိုက်သည်။
Net က Juan ရဲ့ phone ထဲက ပုံတွေကိုကြည့်နေသည်။

နှင်းတွေဖုံးလွှမ်းနေတဲ့ နေရာတွေ.... မြူဆိုင်းအုံ့ဆိုင်းနေတဲ့တောင်တန်းကြီးတွေ.... ပင်လယ်တွေ.... သဲကန္တာရတွေ....

Net ပင်လယ်ကို လက်ညှိုးထိုးပြလိုက်သည်။

"ပင်လယ်ဘက်ကို သွားချင်လား? Ok သွားကြတာပေါ့...."
Juan က Net ကို ပွေ့ဖက်ကာ နှုတ်ခမ်းကို တရှုံ့ရှုံ့ နမ်းသည်။
သူ့ရဲ့ ကြောင်ပေါက်လေးကလည်း သူ့ကိုဖက်တွယ်ထား၏။

Juan က Agat ကို ဆက်သွယ်ပြီး Net က သူနဲ့အတူ ရှိကြောင်းနဲ့ စိတ်ပူစရာမလိုကြောင်း ပြောခဲ့၏။

Net က ရေပြင်၏ အထိအတွေ့၏ သဘောကျ၏။ လှိုင်းလုံးတွေကို သဘောကျ၏။
ပင်လယ်စာတွေ စားရတာကိုလည်း သဘောကျသည်။

ပင်လယ်ပြင်ကြီးကို မြင်တွေ့  ပြီးသွားချိန်၌ သဲကန္တာရကြီးကို သွားချင်ကြောင်းပူစာ၏။
Juan လည်း သူ မရောက်ဖူးသော နေရာမှန်သမျှကို လိုက်ပို့ရန် ဆုံးဖြတ်လိုက်သည်။

နေရာအစုံကို သွားခဲ့ပေမယ့် Net သဘောအကျဆုံးက ပင်လယ်ကြီးဖြစ်သည်။ သူတို့နှစ်ယောက် အတူရှိနေတဲ့ အချိန်အတွင်း Net က လူတွေကို ပိုနားလည်လာခဲ့ပြီး စကားကိုလည်း တစ်လုံးစ နှစ်လုံးစ ပြောလာခဲ့သည်။

အဲဒီနောက်မှာတော့ သူ့အစ်ကိုရှိရာ နှင်းတွေကြားက အိမ်ကို ပြန်ခေါ်သွားခဲ့သည်။
"No....!"
Net က နှင်းလျှောယာဥ် ပေါ်က ဆင်းရန် ငြင်းပယ်နေ၏။
"လာပါ Net....."
"ထားခဲ့...."
"ကိုယ်မင်းကို မထားခဲ့ပါဘူးကွာ.... မင်းအစ်ကိုက မင်းကို တွေ့ချင်လို့လေ
မင်းရောသူ့ကို မတွေ့ချင်ဘူးလား"
Net အတွက်တော့ သူ့ဘဝတွင် အချစ်ဆုံးလူနှစ်ယောက်မှာ Juan နှင့် Agat တို့ပင်ဖြစ်သည်။ အစ်ကိုဖြစ်သူအကြောင်းပြောလိုက်တော့မှ မဆင်းချင် ဆင်းချင်ဖြင့် ဆင်းလာ၏။

"Net!!!"
Agat က သူ့ကို တွေ့တာနဲ့ ပြေးဖက်သည်။
"မင်း အဆင်ပြေရဲ့လား"
Net က ခေါင်းငြိမ့်သည်။

"ရှင်သူ့ကို လူတွေရင်းနှီးအောင် ကူညီပေးတာ အရမ်းကောင်းတာပဲ....
ဘယ်လိုလုပ်လိုက်တာလဲဟင်??"
Nina က Juan ကို ပြောသည်။
"သိချင်ရင် K ကို လက်တွေ့  ပြခိုင်းလေ"

Downtown✔Book - 1Where stories live. Discover now