2 (Zawgyi)

147 9 0
                                    

Downtown
2 - The Secret of Agat

မနက်စောစောစီးစီး တဒင်ဒင် တဒေါင်ဒေါင် မြည်နေသော တံခါးဘဲလ်သံကြောင့် Juan စိတ်ရှုပ်လာ၏။
"K.... တံခါးသွားဖွင့်စမ်းပါ....."
သူက KL06 ကို K ဟု အတိုကောက်ခေါ်လေ့ရှိသည်။ KL06 ကို တံခါးဖွင့်ခိုင်းပြီးနောက် သူလည်း အိပ်ရာမှ မထချင် ထချင်ဖြင့် ထလိုက်၏။

"Juan..... Juan.....!!!!!"
တံခါးမှ အပြေးအလွှားဝင်လာသူကတော့ မြို့စားမင်း Elliott အပြင် တခြားမရှိ....
လာပြန်ပြီ ဟု Juan စိတ်ပျက်စွာတွေးလိုက်မိ၏။
"မနေ့ညက.... ငါ့ရဲ့ အမြှောင်မယားလေး အိမ်ကို...."
"လာပြန်ပြီလား....."
"ဆုံးအောင် နားထောင်ဦးကွာ!!!"
"ဟုတ်ပါပြီ ဟုတ်ပါပြီ...."
"တစ်ယောက်ယောက် ဝင်လာတယ်
ကြည့်ရတာတော့ တစ်ခုခုခိုးဖို့ ဒါမှမဟုတ် တစ်ခုခုလုပ်ဖို့ ဝင်လာပုံပဲ လူမိသွားတော့ ပြန်ထွက်ပြေးသွားတယ် ပြောတယ်
ကျေးဇူးပြုပြီး တစ်ချက်လောက်သွားကြည့်ပေးပါကွာ....."
Juan သက်ပြင်းချလိုက်သည်။

"ကျေးဇူးပြုပြီး.... ဒါက တခြားလူတွေကို ပြောလို့လည်း မကောင်းတော့ မင်းကိုပဲ အကူအညီတောင်းရတာပါ....
မင်းက ငါ့အကြောင်း သိပြီးသားလေ"
မြို့စားမင်းသည် Juan ကောလိပ်တက်စဉ်က သူ၏ senior တစ်ယောက်ဖြစ်သည်။ သူသည် အခုမှမဟုတ်.... ကျောင်းမှာ ကတည်းက ပွေပွေရှုပ်ရှုပ် လူတစ်ယောက်ဖြစ်၏။
"အင်းပါ အင်းပါ..... သွားကြည့်ပေးမယ် ဟုတ်ပြီလား....."

မြို့စားမင်း လမ်းညွှန်လိုက်သည့် လိပ်စာက သိပ်တော့ ဝေးဝေးလံလံမဟုတ်ရှာ.....
ရထားကို ၅နာရီကြာအောင် စီးရသည်။

"ချီးပဲ လက်ကိုမခံလိုက်သင့်ဘူး...."
Juan ဒေါသထွက်စွာပြောမိသည်။
"ကျွန်တော်ပြောသားပဲ လက်မခံနဲ့လို့....."
KL06 က ဝင်ပြောသည်။
"K...."
"ဟုတ်?"
"ခုနက စကားက ငါ့ဘာသာပြောတာနော် မင်းထပ်ပြီး အာဝင်ချောင်ရင် မင်းရဲ့ လည်ပင်းကိုချိုးပစ်မယ် အဲဒါမှ အသံ system တစ်ခုလုံး ပျက်စီးသွားအောင်"
KL06 ခမျာ ကြောက်ကြောက်နဲ့ ငြိမ်သွားတော့၏။

ကျေးလက်ဒေသဘက်ရောက်လာတာနဲ့ နှင်းတွေက ထူထပ်လာပြီး ရာသီဥတုကလည်း အေးလာတော့သည်။

ထူထပ်သော နှင်းများကြောင့် ပျံသန်းသည့်ကားများဖြင့်မသွားနိုင်ပဲ နှင်းထဲတွင် မောင်းနှင်နိုင်သည့် ယာဉ်တစ်မျိုးဖြင့်သာသွားလို့ရ၏။

Downtown✔Book - 1Tempat cerita menjadi hidup. Temukan sekarang