Downtown
5 - Family TimeJuan နိုးထလာချိန်တွင်တော့ သူ့ရင်ခွင်ထဲ၌ အိပ်ပျော်နေသော တစ်စုံတစ်ယောက်ကို တွေ့၏။ ထိုသူသည် သူတို့စတင်တွေ့ရှိခဲ့တုန်းကလို လက်သည်းရှည်ကြီးတွေမရှိတော့သလို အစွယ်ချွန်ချွန်တွေလည်းမရှိ.....
ချောမောလှပသည့်မျက်နှာလေးနဲ့ ရှည်လျားပျော့ပြောင်းသောဆံနွယ်တို့ဖြင့် အပြစ်ကင်းစင်စွာ အိပ်ပျော်နေသောကောင်လေးကိုသာတွေ့ရ၏။သူညက အိပ်မက်များ မက်တာလားလို့တောင် တွေးမိသွားသည်။
"အင့်...."
သူရင်ခွင်ထဲက ကောင်လေးမှာ ချစ်စရာကောင်းသော အသံလေးနဲ့အစချီကာ လူးလွန့်၍ နိုးထလာသည်။ သူမျက်လုံးဖွင်လိုက်ချိန်၌ စိမ်းတောက်တောက်မျက်လုံးဝိုင်းဝိုင်းလေးကိုမြင်လိုက်ရ၏။လာပြန်ပြီကွာ မျက်လုံးစိမ်းတွေ.....
အစိမ်းရောင် မျက်လုံးများက သူ့ကိုဆွဲဆောင်နိုင်သလို ကြောက်လည်းကြောက်ရွံ့စေ၏။ ထိုခံစားချက်နှစ်ခုစလုံးမှာ သူ၏ အတိတ်ဖြစ်ရပ်များကြောင့်သာ....."Net လား?"
သူ့ကို ဘာမှပြန်မပြောပဲ ကြောင်တောင်တောင်နဲ့ ပြန်ကြည့်နေသောကောင်လေးကြောင့် နဂိုထဲက မရှည်သောစိတ်မှာ ထပ်မရှည်ချင်တော့ပါ။
"မေးရင်ဖြေလေကွာ!!!"
သူ အော်လိုက်တော့ အပြစ်ကင်းစင်သော မျက်လုံးလေးများမှာ ကြောက်ရွံ့သွားဟန်တူ၏။ ထို့နောက် မျက်ရည်များဝိုင်းလာကာ စောက်ကိုအုပ်ကာတအိအိဖြင့် ငိုနေတော့၏။
"ဟ နေဦး!!! ငါမင်းကို ဘာမှမလုပ်ရ...."
ညကတော့ လုပ်ပြီးပြီ.... သူတွေးမိသွားပြီး သက်ပြင်းချမိသည်။ဟိုဟာလေးကလည်း ငိုပြနေလိုက်တာ ဟိုနေ့က သူ့ကို အသေသတ်မလိုတွေလုပ်နေတဲ့ကောင် မဟုတ်တာကျနေတာပဲ....
"ဟေ့ကောင်....! Net!!! မင်းအစွယ်တွေ ဘယ်ရောက်သွားလဲ?"
သူမေးနေတုန်း Agat က အခန်းထဲဝင်လာ၏။ ထိုအခါ Juan ၏ ဒေါသငယ်ထိပ်ရောက်တော့သည်။"ခွေးမသား!!!"
သူက Agat ၏ ကော်လံကို ဆွဲကာ နံရံသို့ တွန်းကပ်လိုက်သည်။
"စိတ်လျှော့ပါ...."
"ယီးကို စိတ်လျှော့..... မင်းတို့က ငါ့ကို မျိုးပွားတဲ့ နွားလိုအသုံးချသွားတာပေါ့လေ"သူဒေါသထွက်စွာဖြင့် Agat ကို ရန်မူနေတုန်း နောက်ဘက်မှ မာန်ဖီသံကြားလိုက်ရသည်။
Juan ဖြည်းညင်းစွာ လှည့်ကြည့်လိုက်တော့ အရင်ကလို လက်သည်းရှည်ရှည် အစွယ်ချွန်ချွန်တို့ဖြင့် Net ကို တွေ့ရ၏။
"Fuck...."
Juan ကြောက်လန့်ကာ နောက်ဆုတ်သွား၏။ သို့သော်ငြား Agat ကတော့ မကြောက်မရွံ့ရှေ့တိုးသွားသည်။
YOU ARE READING
Downtown✔Book - 1
Science FictionSo go downtown Where all the lights are bright Downtown Waiting for you tonight Downtown You're gonna be alright now