6 (mature content)

1.4K 44 1
                                    

Downtown
6 - Wildest Love

"ကျွန်တော် အရမ်းဒေါသထွက်နေလို့ပါ အန်တီ့ကို မရည်ရွယ်ပါဘူး....."
Juan တစ်ယောက် မျက်နှာပူပူနဲ့ပင် Elliott ၏ မိသားစုထမင်းဝိုင်း၌ ဟိုလူ့ကို ဒီလူ့ကို ပြုံးစိစိ ကြည့်လိုက်လုပ်နေ၏။
"စိတ်မဆိုးပါဘူးကွယ်.... ဒါပေမဲ့လည်း နောက်ဆို အရမ်းကြီး ရှေ့မကြည့် နောက်မကြည့် မပြောနဲ့ပေါ့.... အန်တီက ဒီလို မဟုတ်ပါဘူးကွယ် သန္ဓေမကောင်းတဲ့ သားဆိုးကို မွေးမိတာ....."

"အမေကလည်း အဲလိုမပြောပါနဲ့....."
ညစာပါဝင်မစားရပဲ ကြမ်းပြင်ပေါ်မှာပဲ ထိုင်နေရသည့် Elliott က ဝင်ပြောသည်။
"ပါးစပ်ပိတ်ထား!!! ပြီးမှ နင်နဲ့ရှင်းမယ်"
မြို့စားမင်း ဖြစ်သည့်တိုင် အမေ နဲ့ မိန်းမကိုတော့ တုန်အောင်ကြောက်ရ၏။

"စားဦးလေ သား....."
Elliott အမေက ထည့်ပေးသမျှကို အားနာနာနဲ့ပဲ အဝစားမိသည်။
"ကျွန်တော်လည်း ဗိုက်ဆာတယ်လေ"
ထိုသို့ ပြောလိုက်ပြီးသည်နှင့် ဇနီးသည် Lyra လက်ထဲက ဝိုင်ခွက်သည် Elliott ၏ ခေါင်းကို ခွပ်ခနဲ လာမိတ်ဆက်၏။
"ရှင့် လင်ငယ်အိမ် သွားစား!!!"
Lyra ၏ ဒေါသအား Juan ပါ လန့်နေမိ၏။
"ကျွန်....ကျွန်တော့်ကိုတော့ စိတ်မဆိုးဘူးမလား"
ပြုံးစိစိနဲ့ မေးမိ၏။
"ဆိုးတယ်!"
Juan တုန်ပင် တုန်သွား၏။
"အခုကိစ္စကြောင့်တော့ မဟုတ်ဘူး.... သိရဲ့သားနဲ့ အစကတည်းက မပြောလို့...
ရှင့်ကိုထိမှ ရှင်က နာတတ်တယ်"
Lyra ရဲ့ စကားတွေက မှန်နေတာကြောင့် Juan လည်း ဘာမှပြန်မပြောရဲပဲ ကြောက်ကြောက်လန့်လန့်နဲ့သာ အစားငုံ့စားရတော့သည်။

"မျိုးမစစ်ကလေးဆိုတာ ဘာလဲဟင်?"
Elliott ၏ ၄နှစ်သမီးလေးက မေးလာသည်မို့လို့ Juan စားရင်းနဲ့ သီးပါ သီးသွားသည်။ သားအကြီးကပါ သူ့ကို ပြူးကြည့်နေ၏။
"Oh အဲဒါက မင်းတို့ကို ပြောတာ မဟုတ်ပါဘူး....
တခြားလူတွေအကြောင်း...."

"အဖေ့မှာ တခြားကလေးတွေရှိသေးလို့လား....?"
Elliott ၏ သားအကြီးကပါ မေးလာသည်မို့ Juan ငိုပါငိုချင်သွားသည်။
"ကြောင်လေးတွေပါ.... ကြောင်လေးတွေ အကြောင်းပြောတာ....."
ကလေးနှစ်ယောက်ကတော့ သူ့ကို သံသယဝင်စွာကြည့်နေဆဲပင်....

ညစာစားပြီးတိုက်ခန်းအောက်ရောက်တော့ Juan ရှက်လွန်း၍ သေသာသေချင်တော့၏။

Downtown✔Book - 1Donde viven las historias. Descúbrelo ahora