(A/N : rough sex alert!!! But not so bad :3
Rated 20+)Downtown
4 - MatingJuan နှင့် K တို့အား knight တပ်ဖွဲ့က ကယ်ဆယ်ခဲ့ပြီး ဒဏ်ရာများကြောင့် Juan တစ်ခဏအနားယူလိုက်ရသည်။
"Juan..... ခင်ဗျားဆေးရုံမှာ ရှိနေတုန်း ခင်ဗျားကို တိုက်ခိုက်ခဲ့တဲ့ သတ္တဝါအကြောင်း ကျွန်တော် နည်းနည်း research လုပ်ထားတယ်"
K က သူ့ကို ပြောသည်။
"ဘာလဲဆိုတာ သိပြီလား?"
"အကြမ်းဖျင်းလောက်တော့ သိပြီ....."
K က ပြောရင်း စာအုပ်တစ်အုပ်ကို ပြသည်။"သူတို့ကို Ethel လို့ ခေါ်တယ်....
Morius ဂြိုလ်ရဲ့ ဒေသခံတွေပေါ့...."
"တစ်နည်းပြောရရင် ဒီဂြိုလ်က ဂြိုလ်သားတွေပေါ့...."
"အင်း.... Ethel တွေ အားလုံးက intersex တွေပဲ သူတို့ထဲက တချို့က လူသားတွေနဲ့ လက်ထပ်ပြီး hybrid လေးတွေ မွေးလာကြတယ်"
"ဒီလို ကြမ်းကြမ်းတမ်းတမ်း သတ္တဝါတွေက လူသားနဲ့ ဘယ်လို.....?"
"သူတို့က ပုံမှန်ဆို မကြမ်းတမ်းကြပါဘူး.....
ဗိုက်ဆာတဲ့အချိန်နဲ့ မိတ်လိုက်ချိန်မှ...."Juan ၏ မျက်နှာ ရှုံ့မဲ့သွားသည်။
"ဒါဆိုငါက အစာအဖြစ်အကျွေးခံရတာပေါ့.....?"
"ဒါမှမဟုတ်....."
"မပြောစမ်းပါနဲ့!!! မတွေးချင်ဘူး!!!! သူ့ပုံစံက မိတ်လိုက်မယ့်ပုံပေါက်နေလို့လား???
ငါ့ကို အသေသတ်မယ့် ပုံစံကို"ခေါင်းမယားတတ်တဲ့ K လည်း Juan စကားကြောင့် သူ့ခေါင်းသူ ကုတ်မိတော့သည်။
"တစ်ခုရှိသေးတယ်..... လွန်ခဲ့တဲ့ ၁၀နှစ်က ၈နှစ် ၉နှစ်အရွယ်လောက် Ethel hybrid ကလေးတွေကို ဖမ်းတဲ့ အဖွဲ့တစ်ခုရှိခဲ့တယ်တဲ့.....
အဲဒီ အဖွဲ့ကို ဖမ်းမိခဲ့ပေမယ့် သူတို့ဖမ်းသွားတဲ့ ကလေးတွေ အားလုံး ကြမ်းတမ်းရိုင်းစိုင်းကုန်ကြလို့ ပစ်သတ်လိုက်ရတယ်တဲ့...."
"ငါအမှုအကြောင်း ကြားဖူးတယ်...."
"သူတို့အားလုံးကို...."
"အင်း.... သူတို့တွေ အရိုင်းစိတ်ဝင်သွားတာလည်း မဆန်းပါဘူးလေ...."
Juan ပြောရင်း သက်ပြင်းချမိ၏။Juan တစ်ယောက် မြို့စားမင်းနှင့်တွေ့ရန် သူတို့အရင်ကတွေ့ခဲ့သည့် ကပွဲရုံကို ပြန်ချိန်းဆိုလိုက်သည်။ သို့သော် သူ မထင်ထားသည်က Agat ပါ ပါလာမည် ဆိုတာကိုပင်....
"Wtf!!!!"
"Juan... စိတ်အေးအေးထား.... စိတ်အေးအေးထား....
သူ့ကို ရှင်းပြခွင့်ပေးလိုက်ပါ...."
"ခင်ဗျားသိခဲ့တာလား??"
"မင်းကိစ္စဖြစ်ပြီးမှ သိခဲ့တာ..... Agat က ငါ့ကို ဖွင့်ပြောခဲ့တယ်"
YOU ARE READING
Downtown✔Book - 1
Science FictionSo go downtown Where all the lights are bright Downtown Waiting for you tonight Downtown You're gonna be alright now