9

835 40 0
                                    

Downtown
9 - The father, the son

သူတို့ ဆေးရုံက ပြန်လာတော့ Juan ၏ သူငယ်ချင်းအချို့နှင့် biker ကြီးတွေလည်း သူတို့အိမ်ကို ရောက်လာကြသည်။ ကလေးလေးကို လာကြခြင်းဖြစ်သည်။

"ချစ်စရာလေးကွာ...."
Biker ကြီးတွေက လူကြမ်းကြီးတွေပေမယ့် ကလေးလေးနဲ့တွေ့တော့ အသဲနုသွားကြပုံပေါ်၏။ ကလေးငယ်လေးအား မထိရက်မကိုင်ရက်ဖြစ်နေကြ၏။

"သူက မင်းနဲ့တူတယ် Net...."
Old Billy ကြီးက ပြောလိုက်သည်။
"Juan နဲ့လည်း တူပါတယ်ကွာ...."
Butcher ကြီးက ဝင်ပြောသည်။
"ဟုတ်တယ် ပြောလိုက်"
Juan က မကျေမနပ်နဲ့ Butcher ကြီးဘက်က ထောက်ခံသည်။

ဧည့်ခန်းကြမ်းပြင်၌ ယက်ကန်ယက်ကန်လုပ်နေသည့် ကလေးပေါက်စလေးကို မြင်နေရသော်လည်း Juan မထိရဲ...
နာအောင် လုပ်မိသွားရင် ဘယ်လိုလုပ်မလဲ.....
သူတွေးမိသည်။
"ဘာဖြစ်လို့လဲ?"
K က သူ့ကို မေးသည်။
"ဘာမှမဟုတ်ပါဘူး...."
K က ကလေးငယ်ကို အသာအယာချီမလိုက်တော့ သူစိတ်ပူစွာလိုက်ကြည့်မိသည်။
"ကျွန်တော့်နားကိုလာ....."
"ဘာလို့လဲ?"
"ကလေးလေးကို ဘယ်လိုချီရမလဲ ပြမယ်လေ"
K သည် သူ့ဖခင်က ခိုင်းစေထားသော A.I ဖြစ်နေ၍သာ သူ့ကို တလေးတစားပြောဆို ဆက်ဆံပြီး အနွံတာခံသလို သူကလည်း K ကို အမြဲတမ်း သူ့ဖခင်က ဝယ်ပေးထားသော အရုပ်တစ်ရုပ်အမှတ်နှင့် အထက်စီးကပဲပြောဆိုကာ အနိုင်ကျင့်ခဲ့သည်။ တကယ်တမ်းမှာတော့ K ကသာလျှင် သူမွေးကင်းစ ကတည်းက အဖေလို အစ်ကိုလို သူငယ်ချင်းလို စောင့်ရှောက်ခဲ့သော သူတစ်ယောက်သာ.....

K က ကလေးငယ်ကို သူ့လက်ထဲထည့်ပေးပြီးနောက် လက်အနေအထားကို ပြုပြင်ပေး၏။
တွေ့လား.... သိပ်မခက်ပါဘူး....
သူ၏ အသက်ရှူနှုန်းတွေမြန်လာကာ အလွန် စိတ်လှုပ်ရှားနေမိ၏။ ဒီကလေးလေး တစ်ခုခုဖြစ်သွားမည်ကို အတွေးနဲ့ပင် စိုးရိမ်နေမိသည်။

သို့သော်သူ၏ မျက်လုံးတွေလိုပင် ဝိုင်းဝိုင်းစက်စက်နှင့် အညိုရောင် မျက်လုံးလေးတွေက သူ့ကို စိတ်ဝင်တစားကြည့်နေပြီး တခစ်ခစ်ရယ်နေသည်ကို ကြည့်ရင်း Juan ပြုံးမိသည်။
ထို့နောက် အတွေးတစ်ခုကြောင့် သူ့အပြုံးတို့က ရပ်တန့်သွားပြန်၏။
အဖေက သူ့ကို ဘယ်တုန်းကမှမချီဖူးပေ.....

Downtown✔Book - 1Donde viven las historias. Descúbrelo ahora