ဘုံနန်းထက်မှဂုဏ်ရှင်အမျိုးသမီး(Z+U)

413 64 4
                                    

(Zawgyi)

မြို့ဝန်ကတော်နှင့်ဒေဝီတို့ နှစ်ဦးသားမှာ ဇွန်ပန်းဖြူများကို အိမ်တော်အတွင်းရှိ ဘုရားကျောင်းဆောင်တွင် သွားရောက်ကပ်လှူခဲ့ကြပြီးနောက် ဒေဝီသည် သူမရဲ့မိခင်ဖြစ်သူ မှုံနဒီရဲ့ အဆောင်တော်သို့ လိုက်ပါလာခဲ့သည်။

"မယ့်သမီးငယ် ရွာမှာနေရတဲ့ရက်တိုလေးအတွင်း နေရထိုင်ရတာ အဆင်ပြေပြေရှိရဲ့လား"

"သူကြီးဆိုသူကို အမျက်ရှသည်ကလွဲလို့ ကျန်တဲ့ကိစ္စကြီးငယ်မှာ ဆိုရက်စရာမရှိအောင် အဆင်ပြေချောမွေ့ပါရဲ့မယ်မယ်"

"သူကြီးကို မယ့်သမီးက ဘာကြောင့် အမျက်ရှရတာတုန်း"

"အခင်တို့ရွာကိုရောက်စ သူကြီးရဲ့အိမ်ခြံဝန်းအတွင်းမှာ လှည်းယဉ်ရပ်နားပါရဲ့၊ထိုရပ်နားသည့်နေရာအနီးတွင် ခွေးငယ်တစ်ကောင်ရှိနေသဟာကြောင့် အခင့်မှာလှည်းပေါ်က မဆင်းရဲဘဲရှိနေခဲ့ပါ​၏၊သို့ပေမည့်သူကြီးကတော့ လှည်းယဉ်များရပ်နားတာနှင့် အဘကိုသာ အရေးတယူပြုပြီး ခရီးဦးကြိုပြုကာ ဖားယားနေပါကောလားမယ်မယ်ရယ်၊သို့နှင့်များ အခင့်ကိုလည်း မထီလေးစားဖြင့် (အလိုလေးရွှေမင်းသမီးရယ် တောအလှသဘာဝကိုခံစားချင်ပါရဲ့ဆိုပြီး ဘယ်နှယ့်လို့ခြေနုနုဖဝါးတော်ထက်မှာ ဖုန်မှုန့်ကပ်မှာကို ကြောက်နေရသတုန်း) ဟူပြီးလည်း ရွှတ်နောက်စွာ စကားဆိုသေးရဲ့"

"အိမ်း..သင်းလို သေးနုပ်တဲ့ရွာဇနပုဒ်က သူကြီးအဆင့်လောက်လေးကများ မယ့်သမီးကို မထီလေးစားနှင့် ပမာမခန့်ပြုဝံ့တယ်၊ထိုနေ့က ထိုနေရာမှာသာ မယ်မယ်ရှိခဲ့ရင် သင်းရဲ့အသက်ဝိညာဉ်ချုပ်ငြိမ်းနေရော့မည်"

"တစ်လုတ်စားဖူးသူ့ကျေးဇူးဆိုသည့် ပုံနှိုင်းကိုယူ၍ သင်းအိမ်ရိပ်မှာ ခေတ္တတည်းခိုရသည့် ကျေးဇူးတရားကို ထောက်ထားလို့သာ သင်းကို ဇီဝန်မခြွေဘဲ လျစ်လျူပြုခဲ့လိုက်ပါရဲ့"

"မယ့်သမီးက ပညာညဏ်နှင့် ဆင်ခြင်ညဏ်လည်း ကြီးမားပါပေ့ကွယ်၊သမီးအတွက် မယ်မယ်သိပ်ဂုဏ်ယူတယ် အခင်"

"နို့ မယ်မယ်ဖုရားရဲ့ ရွာမှာနေသခိုက် အခင်သိကျွမ်းခဲ့သည့်လူ ရှိခဲ့သည်ပါ့"

နှင်းဆီအားနိဒါန်းသွယ်လို့ဘယ်ပုံညှာချိုးပါလိမ့်(ဒေဝီခင်)Donde viven las historias. Descúbrelo ahora