(Zawgyi)
မြို့ဝန်ကတော်နှင့်ဒေဝီတို့ သားအမိ၏ ထိုးနှက်သည့် စကားများကြောင့် ခွန်းလောင်ခမျာ ရှက်ရွံမှုကြီးစွာဖြင့် သူ၏နားနေရာခန်းဆောင်သို့ အလျှင်အမြန်ပြန်လာခဲ့လေသည်။ခန်းဆောင်အတွင်းသို့ ခွန်းလောင်ရောက်သည်နှင့် အထိန်းတော်သုညိုမှ ပျာယီးပျာယာဖြင့် နံပါးသို့ရောက်လာသည်။
"သခင်လေး ဘာတွေများ အလိုမကျဖြစ်ပြီး အမောတကောပြန်လာရတာလဲ"
"မမေးနဲ့ သုညို၊အသင်လျှာမရှည်လင့်"
ရှက်ရွံမှုကြောင့် အမျက်ထွက်နေသည့် အလျောက် သုညိုအား မာန်မဲပြီး စိတ်ပြေစေရန်အလို့ငှာ စာပုရပိုက်များထားရှိရာဘက်သို့ ထွက်သွားလေသည်။ကျန်ရစ်နေခဲ့သူ သုညိုမှာတော့ ဘာကိုမျှမသိနားမလည်ပါပဲ မာန်မဲခံလိုက်ရသည်မို့ နေရာမှာတင်ကြောင်တောင်ရပ်၍ ကျန်နေခဲ့လေသည်။
"ဟူး...စိတ်လျော့စမ်း ခွန်းလောင် ဒါဟာမောင်မင်းအပြစ်ပဲလေ၊မိန်းမတစ်ယောက်ရဲ့ ခန်းဆောင်အတွင်းကို အခွင့်မရှိဘဲ ဝင်ခဲ့မိတာ ဘယ်လောက်ရိုင်းစိုင်းလိုက်သလဲ၊ဒီတော့အခင်မျက်မာန်ထွက်တာ ခံရပေတော့တာပေါ့"
စာကြည့်စားပွဲခုံတွင် ထိုင်ကာတွေ့ရာပုရပိုက်တစ်ခုကို ဆွဲယူပြီး နှုတ်မှတစ်ကိုယ်တည်းရေရွတ်ရင်း စိတ်ဖြေနေရှာ၏။
"သုညို"
"အသင့်ရှိနေလျှက်ပါ သခင်လေး"
"ကျူပ်ရဲ့ဆေးတံကို ဆေးထည့်ပြီး ယူလာပေးလှည့်"
"ဟုတ်ကဲ့ပါသခင်လေး"
သုညိုသည် ခွန်းလောင်ရဲ့စေခိုင်းမှုကြောင့် မင်းနေပြည်မှ သယ်ယူလာသည့် ပစ္စည်းထုပ်များထဲမှ ဆေးတံကို နုတ်ယူ၍ ဆေးတစ်ချို့ထည့်လိုက်၏၊ထို့နောက် ကနုတ်များနှင့် လှပစွာ ပုံဖော်ထားသည့် မီးခတ်လေးကို မီးညှိကာ ခွန်းလောင်ရဲ့ နံပါးသို့ ယူဆောင်လာခဲ့သည်။နန္ဒသည်လက်ထဲမှ ဆေးတံကို ခွန်းလောင်၏ နှုတ်ခမ်းကြားတွင် တေ့ပေးလိုက်သည်။ခပ်ဟဟပွင့်လာသော ခွန်းလောင်ရဲ့ နှုတ်ခမ်းနှစ်လွှာဟာ တပ်မက်ဖွယ်ရာကောင်းလွန်းလှသည်ကြောင့် သုညိုမှာ ဆေးတံကို မီးညှိပေးဖို့ပင် ခေတ္တမျှ မေ့လျော့နေတော့သည်။
![](https://img.wattpad.com/cover/287625905-288-k254402.jpg)
VOCÊ ESTÁ LENDO
နှင်းဆီအားနိဒါန်းသွယ်လို့ဘယ်ပုံညှာချိုးပါလိမ့်(ဒေဝီခင်)