အချစ်နဲ့မျက်ရည်
_________________" အဟား တကယ်လား ဈေးက ရှယ်ကောင်းပဲနော် လိမ်နေတာတော့ မဟုတ်ပါဘူးမလား?"
" လိမ်စရာလား မင်းခန္ဓာကိုယ်က တကယ့်ကို Sexyပဲ အဲ့ထက်ပိုရအောင် Bossနဲ့ ညှိကြည့်ပေါ့ စိတ်ပါရင် ခုလည်း လိုက်တွေ့လို့ ရတယ်နော်"
လျှာကိုသပ်ကာ ပြောလိုက်တဲ့ လူရွယ်က မာကျူရီ လမ်းမီးတိုင်ကို မှီနေတဲ့ ဝမ်ရိပေါ့် ခန္ဓာကိုယ်အား ဆာလောင်စွာနှင့် ကြည့်နေသည်..။ ကောက်ကြောင်းပေါ်အောင် ဝတ်ထားတဲ့ Body fit အဝတ်အစားက သူ့ရဲ့ခန္ဓာကိုယ် သွယ်လျလျကို ထင်းထွက်စေပြီး ပုရိသတို့ရဲ့ ရာဂစိတ်ကို နှိုးဆွနိုင်တယ်ဆိုတာ ကာယကံရှင်က မသိပေမယ့် လူတိုင်းကတော့ သိသည်..။
" ငါတို့ Webside ကိုလာခဲ့စမ်းပါ Cool Guyလေးရာ ဒါမှမဟုတ် Studio မှာပဲ ဓာတ်ပုံ အစမ်းရိုက်ကြည့်မလား မင်းအတွက်မနစ်နာစေရဘူး စိတ်ချ "
"အို..ဇွတ်ကြီးပါလား? အဟက်"
ပီကေ ကို တစ်ထောက်ထောက် ဖောက်ပြီး ရွှေရောင်ဆံပင် ပြောင်းအိအိကို သပ်တင်လိုက်တဲ့ ဆယ်ရှစ်နှစ်အရွယ် ကောင်ငယ်လေး ။ သူ့နာမည်က ဝမ်ရိပေါ်လို့ ခေါ်သတဲ့ သူ၏ဂုဏ်သတင်းက မြို့ပြနဲ့ဝေးသော ဆင်ခြေဖုံး ရပ်ကွက်ထဲမှာတောင် ထိုသို့ သတင်းမွှေးသည်..။ စကားလမ်းကြောင်း ကီးတည့်နေချိန်မှာ ကြားဖြတ်ဝင်လာတဲ့ ကြော်ငြာလေးက ဒေါသသံနဲ့..
" မင်းပြောလို့ ပြီးပြီလား ငါ အိမ်ပြန်ဖို့စောင့်နေတာကြာပြီ"
"ဟမ်! "
စက်ဘီး Handleကိုကိုင်ကာ မျက်မှောင်ကျုံ့နေတဲ့ လူငယ်လေးက ရိပေါ့်အား စိတ်ပျက်စွာကြည့်ရင်း ပြောလာသည်..။ ဘောင်ခတ်ထားတဲ့ ပါဝါမျက်မှန်အောက်မှ မဟူရာရောင် မျက်ဆံတို့သည် ကြယ်များလို တစ်လက်လက် တောက်ပနေခဲ့ပြီး နှုတ်ခမ်းအောက်က မှဲ့နက်လေးက သွားတို့နဲ့ ပြင်းစွာ ဖိကြိတ်ခံ ထားရပြန်တယ်..။ ဒီအမူအယာက ဒေါသထွက်နေတာက လွဲပြီး ဘာများဖြစ်နိုင်ဦးမှာလဲ? စကားကောင်းနေတာနဲ့ပဲ လူတစ်ယောက်လုံး နောက်မှာ ရောက်နေတာတောင် မမြင်နိုင်တဲ့အဖြစ်..။
ရိပေါ်နဲ့စကားပြောနေတဲ့ လူရွယ်မှာ ရှောင်းကျန့်ကို တွေ့ကတည်းက လစ်ပြေးသွားခဲ့တာကြာပြီ..။ နှစ်ယောက်သား မျက်နှာချင်းဆိုင် ရပ်နေသော်လည်း ရိပေါ်က ရှောင်းကျန့်ဒေါသတွေကို လျစ်လျူရှုကာ ပီကေကိုသာ ဖောက်နေခဲ့ပြီး ခပ်တည်တည်နဲ့ လောကွတ်လုပ်တယ်..။
YOU ARE READING
" အချစ် နဲ့ မျက်ရည် "
Fanfiction// ZhanYi // မင်းအကြောင်း တွေးမိတိုင်း မျက်လုံးတွေနာပြီး ရင်ဘတ်တွေ အောင့်ရတယ် ဝမ် ။ ငါ့နှလုံးသားကို နင်းချေခဲ့တယ့်မင်း ပျော်မှပျော်နေရဲ့လား? [ Xiao Zhan ] ငါ ဆိုတဲ့ကောင်က မင်းကြောင့်ပဲ ချစ်ဖူး ငိုဖူးလိမ့်မယ် ။ ဒါပေမဲ့ မင်းရှေ့မှာတော့ မျက်ရည်ကျပြမှာ...